Lotayamm

search
မာတိကာ

contents

သတင်းများ

ငရုတ်သီးအစိမ်းများ ဈေးနှုန်းကျဆင်းလျက်ရှိ

နေ့ရက်:
Jan 13, 2018


အမျိုးအစား :
စိုက်ပျိုးရေး
Pissaya



ဈေးကွက်အတွင်းမှာ ငရုတ်သီးဈေးနှုန်းများကျဆင်းလျက်ရှိနေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်း မန်နှင့် ဟင်းသီးဟင်းရွက်တင်ပို့ရောင်းချ သူများအသင်း စစ်ကိုင်းတိုင်းဒေသကြီးမှ သိရပါတယ်။

နိုဝင်ဘာလအလယ်ကတောင်သူအကြိုက်ဈေးနှုန်းဖြစ်ခဲ့ပြီး အခုအခါ ဒေသအသီးသီးမှ စိုက်ပျိုးထွက်ရှိ လာမှုများလာတာကြောင့် ဈေးနှုန်းကျ ဆင်းရတာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်း မန်နှင့်ဟင်း သီးဟင်းရွက်တင်ပို့ရောင်းချသူများအသင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အတွင်းရေးမှူး(၂) ဦးစိုးလွင်က ပြောပါတယ်။


“အခုကတော့ဈေးကျနေပါတယ်။ သာမိုအလဲဗင်းလို ဈေးကောင်းရတဲ့ ဟာတွေတောင် တစ်ထောင် ဝန်းကျင်ပဲရှိတော့ တယ်။
အာမိုမောင်တိန်လောက်ဆို ခုနှစ်ရာလောက်ပဲရှိတော့တယ်။ ထွက်တဲ့မျိုးပေါ် မှာကွာတာ။ ခုကရန်ကုန်ဘက်တွေမှာလည်း ပေါ်တယ်။ အရင်လိုသိပ်မတင်ပို့ရတော့ဘူး။ သူတို့ဆီက အသီးတွေတောင် မန္တလေးဘက်ကို ပြန်တင်ပို့တာတွေရှိတယ်။ ဈေးကျတာက တခြားကြောင့်တော့မ ဟုတ်ဘူး။ အရင်ကထက် စိုက်ပျိုးဒေသ အသီးသီးက ထွက်ရှိမှုများလာတာကြောင့်ပါ ”

အရင်က ငရုပ်သီးစိမ်း တစ်ပိသာကို ဈေးကွက်အတွင်း ၁၅၀၀ ဈေးရှိပြီး၊ လက်ရှိမှာတော့ တစ်ပိသာကို ၁၀၀၀ ၀န်းကျင်ခန့်တာရှိတော့ကြောင်း သိရပါတယ်။

အခုလက်ရှိငရုတ်သီးအစိမ်းကို ပြည်တွင်းမှာရှိတဲ့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မင်းဘူး၊ တောင်ကြီး၊ လားရှိုး ဘက်တွေကို တင်ပို့ရောင်းချနေကြောင်းလည်း အဆိုပါ အသင်းမှ သိရပါတယ်။

#Agro_News
#Pissaya_Info ဝေဖြိုးနိုင်















နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။