Lotayamm

search
မာတိကာ

contents

သတင်းများ

ရခိုင်ဒေသရှိလယ်ယာမြေဧက ၂၄၀၀ ကျော်ရိပ်သိမ်းပြီးစီး

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
စိုက်ပျိုးရေး
Pissaya
ရခိုင်ပြည်နယ်အတွင်းရှိ ဆန်စပါးနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအထောက် အကူပြုကာလတို(၃)နှစ်စီမံ ကိန်း လုပ်ငန်းစဉ်အဖြစ် ရခိုင်ဒေသ မှာရှိတဲ့ လယ်ယာမြေများကို ရိတ်သိမ်းဆောင်ရွက်ပေးရာမှာ ဧက ၂၄၀၀ ကျော်ပြီးစီးနေတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် မှသိရပါတယ်။

အသင်းချုပ်အနေနဲ့ မူလပို့ထားတဲ့ လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ ရိတ်သိမ်း ဖို့ လိုအပ်နေတဲ့လယ်ယာ မြေများကို တာဝန်ရှိသူများနဲ့ ပူးပေါင်းပြီး ရိတ်သိမ်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင် ကပြောပါတယ်။


“အခုလက်ရှိထိတော့ ဧက ၂၄၀၀ ကျော်၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မှာက ပိုင်ရှင်မဲ့တွေများတော့ အဲ့မှာပဲပိုလုပ်ဖြစ်နေတယ်။ ပိုင်ရှင်ရှိတဲ့ လူတွေကလည်း လုပ်သားမရှိတော့တဲ့အတွက် လာရောက်ညှိ နှိုင်းဆောင်ရွက်တာတွေရှိတယ်။ အဲ့ဒါကိုတော့ အစိုးရတာဝန်ရှိသူတွေနဲ့ ခွဲခြမ်းစိပ်ဖြာရတာပေါ့။ အခု ကာလတို ၃ နှစ်မှာဒါကလက် ရှိဆောင်ရွက်နေ တာပေါ့။ နောက်ထပ်ကတော့ ဆန်စက်တွေ၊ အခြောက် ခံစက်တွေ ပို့ထားပေးတယ်။ ကျွန်တော်တို့ဘက်ကရင်းနှီးမြုပ်နှံမှု အဖြစ်အဲ့ ဒါတွေပေါ့လေ။ တာဝန်ရှိသူ တွေဘက်က မီးရရှိဖို့နဲ့၊ မရရှိခင်မှာလဲ ယာယီမီးစက်ရရှိဖို့တွေပေါ့ ဒါတွေကို သူတို့ဘက်ကလည်း ဆောင်ရွက်ပေးနေတယ်။ မကြာခင်ဆန်ကြိတ်ခွဲမှုအပိုင်းကိုရောက်တော့မှာ ပါ”

ဆန်စပါးကဏ္ဍဖွံဖြိုးရေးအတွက် အကူအညီပေးရာမှာ ရခိုင်ပြည်နယ်ရဲ့  ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးဒေသတွေမှာစီမံကိန်းလုပ်ဆောင်ဖို့ လျာထားတာ ဖြစ်ပါ တယ်။

ရိတ်သိမ်းမှုကို အောက်တိုဘာလကုန်က စတင်ဆောင်ရွက်ခဲ့ပြီး အစိုးရ တာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီး ရခိုင်ဒေသ လယ်ယာကဏ္ဍ အကူအညီပေးရေး ကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရပါတယ်။

#Agro_News
#Pissaya_Info ဝေဖြိုးနိုင်

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။