Lotayamm

search
မာတိကာ

contents

သတင်းများ

တရုတ်မှ ⁠ပြည်တွင်းသီး⁠နှံ(၈)မျိုးကိုတရားဝင်တင်ပို့ခွင့်⁠ပြုထား

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
စိုက်ပျိုးရေး
Pissaya
တရုတ်နိုင်ငံမှ ပြည်တွင်းသီးနှံ(၈)မျိုးကိုသာတရားဝင်တင်ပို့ခွင့်ပြုထားပြီး ကျန်သီးနှံများကိုပါတင်ပို့ခွင့်ရရန် လုပ်ဆောင် နေတယ်လို့  မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းမှ သိရပါတယ်။



တရားဝင်တင်ပို့ခွင့်ရပါက တရားမဝင်ဈေးကွက်မှာဈေးနှိမ်ဝယ်ယူတာတွေနဲ့အတူ ဈေးနှုန်း၊ ဈေးကွက် အခြေအနေ များပါ ပြောင်းလဲသွားနိုင်မှာဖြစ်ကြောင်း  မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူက ပြောပါ တယ်။

“တရုတ်က တရားဝင်တင်ပို့ခွင့်က လောလောဆယ် ပြည်တွင်းကသီးနှံ(၈)မျိုးပေးထားတယ်။ ရွှေလီက နေ ဖရဲသီး၊ သခွားမွှေးသီး၊ ဇီးသီး၊ သရက်သီး ကိုတော့တရားဝင်တင်ပို့ခွင့် AQSIQ မှာပေးထားတယ်။ တရုတ်တို့ထိုင်းတို့မှာက AQSIQ ( General Administration Of Quality Supervision, Inspection and Quarantine ) လို့ခေါ်တဲ့ စာရင်းတွေရှိတယ်။ သီးနှံတွေကို အစိမ်းလိုက်ပို့မယ်ဆိုရင် နိုင်ငံ အလိုက်သတ်မှတ်ချက်တွေပေါ့။ အခုက တရားဝင် တင်ပို့ခွင့်မရသေးတဲ့ ထောပတ်၊ ကျွဲကော၊ ဌက် ပျောစတဲ့ သီးနှံတွေကိုလည်း ပါအောင်လုပ်ဆောင်နေတယ်။ တရားမဝင်တင်ပို့တာထက် တရားဝင် တင်ပို့တာက ပိုပြီး ကောင်းလာနိုင်တယ်”

ပြည်တွင်းသီးနှံတွေကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ ညှိနှိုင်း ဆောင်ရွက်မှာဖြစ်ပြီး၊ အသင်းအနေနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းမှ သိရပါတယ်။

ဝေဖြိုးနိုင် (Pissaya Info)