Lotayamm

search
မာတိကာ

contents

သတင်းများ

သနပ်ခါးနှင့်ဖာလာ ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများအတွက် စည်းမျဉ်း၊ စည်းကမ်း ဖြေလျော့မှုတွေပေး

နေ့ရက်:
Sep 26, 2017


အမျိုးအစား :
စိုက်ပျိုးရေး
Pissaya
သနပ်ခါးနဲ့ ဖာလာ ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများအတွက် စည်မျဉ်း၊ စည်းကမ်း ဖြေလျော့ မှုတွေကို ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ သိရပါတယ်။

အခုလိုဖြေလျော့ပေးတာဟာ ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အဓိက ဖြေလျော့ပေးခဲ့တာဖြစ်တယ်လို့ သ ယံဇာတ နှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သူက ပြောပါတယ်။


“သစ်တောမြေပြင်ပမှာ ကိုယ့်ဘာသာကိုစိုက်တဲ့ဟာဆိုရင် သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်တာတို့ အခွန်ပေး ဆောင် တာတို့  လုပ်စရာမလိုဘူး။ သစ်တောထဲမှာ သဘာဝပေါက်တဲ့ဟာတွေရှိတယ် အဲ့ဒါတွေယူသွားတဲ့သူတွေဆိုရင် သစ် တောဦးစီးဌာနမှာ အခွန်ပေးဆောင်ရမှာပါ။ ကိုယ့်ဘာသာစိုက်တဲ့ဟာဆိုရင် သစ်တောဦးစီးဌာနမှာ မျှောစာစောင့်စရာ မလိုဘူး။ သဘာဝတောထဲကဟာဆိုရင် သစ်တောဦးစီးဌာနမှာ အခွန်တော်သွင်းရမယ်၊ ပြေစာထုတ်ရမယ်၊သယ်ဖို့ ကို မျှောစာလျှောက်ရမယ်။ ကိုယ့်ခြံထဲကဟာဆိုရင်တော့ အဲ့ဒါတွေ လုပ်ဖို့ မလိုပါဘူး ဖြေလျော့ပေးလိုက်တာပါ”

ဖြေလျော့ပေးတဲ့ အမျိုးအမည်တွေထဲမှာ သနပ်ခါးနဲ့ ဖာလာအပြင် ဝါးစိုက်ခင်း၊ ဝါးရုံ နဲ့ ဝဥ တို့ လည်း ပါဝင်တာဖြစ်တယ် လို့လည်းသိရပါတယ်။

ဝေဖြိုးနိုင် (Pissaya-Info)