Lotayamm

search
မာတိကာ

contents

သတင်းများ

စင်ကာပူ အပျော်စီးမိုးပျံယာဉ်အတွင်း လူ ၃၉ ဦး လေးနာရီကြာ ပိတ်မိခဲ့

နေ့ရက်:
Aug 13, 2017
7daydaily
စနေနေ့ညက စင်ကာပူနိုင်ငံ ဆန်တိုဆာရှိ Tiger Sky Tower အပျော်စီးမိုးပျံယာဉ်အတွင်း လူ ၃၉ ဦးသည် လေးနာရီကျော်ကြာ ပိတ်မိနေခဲ့သည်။


အပေါ်အောက်ဒေါင်လိုက်ပြေးသော မိုးပျံယာဉ်ကို စက်ချွတ်ယွင်းမှုတစ်ခုကြောင့် ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရပ်တန့်ထားခဲ့ရပြီး အဝိုင်းပြားပုံစံယာဉ်ထဲတွင်

ခရီးသည် ၃၈ ဦးနှင့် ဝန်ထမ်းတစ်ဦး ပိတ်မိနေကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

    

တနင်္ဂနွေနေ့က အဆောက်အအုံနှင့် ဆောက်လုပ်ရေးအာဏာပိုင်များ BCA က ယင်းယာဉ်ကို အသုံးမပြုရန်နှင့် ပိတ်ထားရန်  ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

    

ယင်းဖြစ်ရပ်ကို BCA မှ အင်ဂျင်နီယာများက လာရောက်စစ်ဆေးနေသည်။

    

ကလေးလေးဦးအပါအဝင် ခရီးသည် ၃၈ ဦးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြထားသည်။

    

ယင်းယာဉ်ကို အောက်သို့ နှိမ့်ချရန် Sky Tower မှ အင်ဂျင်နီယာများက လူအားဖြင့် ကြိုးပမ်းနေစဉ် ဧည့်သည်များအတွက် သောက်ရေနှင့် စားစရာများ ပေးဝေခဲ့သည်။

ယာဉ်ပေါ်တွင် ရွှေ့ပြောင်းအိမ်သာတစ်ခုလည်း ပါဝင်ကြောင်း သိရသည်။

    

ယင်းယာဉ်သည် မြေပြင်မှ မီတာ ၂၅ မီတာအမြင့်တွင် ရုတ်တရက်စက်ချွတ်ယွင်း၍ ရပ်တန့်ခဲ့ပြီး ယင်းအနေအထားအတိုင်း လူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက အသင့်ပြင်ထားခဲ့ကြ သည်။

    

ယင်းကဲ့သို့ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့သော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး Tiger Sky Tower ကို နောက်ထပ်အသိပေးမှု မတိုင်မီထိ ပိတ်ထားမည် ဖြစ်သည်။

—Ref:CNA
ORIGINAL ARTICLE