Lotayamm

search
မာတိကာ

contents

သတင်းများ

ချန်ပီယံ ချယ်လ်ဆီး အိမ်ကွင်းတွင် ဘန်လေကို ရှုံးနိမ့်ပြီး လီဗာပူးသရေကျ

နေ့ရက်:
Aug 13, 2017
7daydaily
လန်ဒန်- ပရီးမီးယားလိဂ်ရာသီ သစ်အဖွင့်ပွဲစဉ်များတွင် လက်ရှိ ချန်ပီယံချယ်လ်ဆီးက မထင်မှတ် ဘဲ အိမ်ကွင်း၌ ၃-၂ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး လီဗာပူးက အဝေးကွင်း တွင် သရေကျခဲ့သည်။ အဲဗာတန် က မိခင်အသင်းသို့ ပြန်ရောက် လာသော ဝိန်းရွန်းနေ၏ တစ်လုံး
တည်းသော ဂိုးဖြင့် စတုတ်ကို အ နိုင်ရရှိခဲ့သည်။
ချယ်လ်ဆီးသည် အဖွင့်ပွဲ ကို အိမ်ကွင်းတွင် ကစားခဲ့ရ သော်လည်း ပွဲချိန် ၁၄ မိနစ်၌ ဂယ်ရီကာဟေးလ်တိုက်ရိုက်အနီ ထိခဲ့ပြီးနောက် အထိုင်ပျက်ခဲ့ပြီး ဧည့်သည် ဘန်လေ အသင်းက အခွင့်အရေးကို အပိုင်အသုံးချ ကာ သုံးဂိုးဆက်တိုက်သွင်းယူ ခဲ့သည်။ ဆမ်ဗိုတက်စ်က ၂၄ မိနစ်၊ ၄၃ မိနစ်တို့တွင် နှစ်ဂိုး သွင်းယူခဲ့ပြီး စတီဖင်ဝ့ါဒ်က ၃၉ မိနစ်တွင် တစ်ဂိုးသွင်းယူခဲ့သည်။
ဒုတိယပိုင်း ၆၉ မိနစ်တွင် လူစားဝင်လာသူ မိုရက်တာက ချယ်လ်ဆီးအတွက် ချေပဂိုးသွင်း ယူကာ ဒေးဗစ်လူးဝစ်က ၈၈ မိနစ် ၌ ထပ်မံချေပဂိုးသွင်းယူခဲ့သော် လည်း ၈၁ မိနစ်တွင် ဖာဘရီဂတ်စ်နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရခြင်း ကြောင့် ချယ်လ်ဆီးနာလန်ပြန် ထူရန် အခြေအနေ ပိုဆိုးခဲ့ပြီး နောက်ဆုံး၌ ဘန်လေကို ရှုံးနိမ့်ခဲ့သည်။
ဝက်ဖို့ဒ်နှင့် လီဗာပူးတို့ပွဲ တွင် ဝက်ဖို့ဒ်မှ မီဂွယ်ဘရီတော့စ် ၏ ၉၃ မိနစ်၌ သွင်းယူသော အငြင်းပွားဖွယ်ဂိုးကြောင့် လီဗာ ပူးသည်အဖွင့်ပွဲအမှတ်ပြည့် မရဘဲ သရေဖြင့် ကျေနပ်ခဲ့ရသည်။
လီဗာပူးသည် ဝက်ဖို့ဒ်ကို ဦးဆောင်ဂိုးများ ခွင့်ပြုခဲ့ပြီး ၂-၁ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၃-၂ ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သော် လည်း ၃-၃ ဂိုးစီ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။
ထိုအတောအတွင်း ပရီးမီး ယားလိဂ်သို့ ပထမအကြိမ် တက် လှမ်းလာသော ဟက်ဒါဖီးလ်အ သင်းက ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးဖြင့် အဝေးကွင်းတွင် အ နိုင်ယူခဲ့ပြီး အိပ်မက်ဆန်သော အဖွင့်ပွဲစဉ်ဖြစ်ခဲ့သည်။ ဝက်စ် ဘရွန်းက ဘုန်းမောက်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆောက် သမ်တန်က ဆွမ်ဆီးနှင့် ဂိုးမရှိ သရေကျခဲ့သည်။
‘‘ကြီးကျယ်တဲ့ ရလဒ်ပါ။ ဒါဟာ ကျွန်တော်တို့အတွက် ရာသီအစ ကြီးမားတဲ့ နိုင်ပွဲဖြစ်ပါ တယ်’’ဟု ချန်ပီယံကို အနိုင်ရရှိ ခဲ့သော ဘန်လေနည်းပြ ဆမ်ဗို ကက်စ်က ပြောကြားသည်။
‘‘မယုံနိုင်စရာ အံ့သြစရာ ကောင်းတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ကျွန်တော်နှစ်ဂိုးသွင်းနိုင်တာ မယုံနိုင်စရာပါပဲ’’ဟု ဟက်ဒါဖီးလ် တိုက်စစ်မှူး စတိဗ်မူနီက ပြောကြားသည်။
—Ref:BBC
ORIGINAL ARTICLE