Lotayamm

search
မာတိကာ

contents

သတင်းများ

အမေရိကန်နှင့် မြောက်ကိုရီးယားတို့ တိုက်ပွဲဖြစ်လာပါက သြစတြေးလျက အမေရိကန်ဘက်မှ ပါဝင်မည်ဟု ကတိပြု

နေ့ရက်:
Aug 12, 2017
yangonmedia
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားသည် အလွန်ကြောက်ရွံ့ဖွယ်များဖြင့် ကြုံတွေ့ရလိမ့်မည်ဟု သတိပေးပြီးနောက် သြစတြေးလျခေါင်းဆောင်က ဤသို့မှတ်ချက်ချပြောခဲ့ခြင်းဖြစ်သည်။  ထရန့်က မြောက်ကိုရီးယားသည် အမေရိကန်မြေကို တိုက်ခိုက်လာပါက ဆိုးရွားသောအကျိုးဆက်များနှင့် ကြုံတွေ့ရလိမ့်မည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ အမေရိကန်တွင် သြစတြေးလျထက်တောင့်တင်းသော မဟာမိတ်မရှိကြောင်း တန်ဘူးလ်ကမဲလ်ဘုန်း ကော်မာရှယ်ရေဒီယိုအသံလွှင့်ဌာန 3AW ကိုပြောကြားခဲ့သည်။ မိမိတို့တွင် ANZUS သဘောတူညီချက်ရှိကြောင်း၊ ဤသဘော တူညီချက်အရ အမေရိကန်ကိုဖြစ်စေ၊ သြစတြေးလျကိုဖြစ်စေ အခြား နိုင်ငံတစ်ခုက တိုက်ခိုက်လာပါက အချင်းချင်းအကူအညီပေးရမည်ဟု ပါရှိကြောင်း တန်ဘူးလ်က ပြောခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးပျံအဆက်မပြတ်စမ်းသပ်မှုကြောင့် အ မေရိကန်နှင့်ဆက်ဆံရေးတင်းမာမှု မြင့်တက်လာခဲ့သည်။ ဇူလိုင်လတွင် ICBM တိုက်ချင်းပစ်ဒုံးပျံနှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ မြောက်ကိုရီးယားက အမေရိကန်ကို ဆက်လက်ခြိမ်းခြောက်လာမည်ဆိုပါက ကမ္ဘာပေါ်၌တစ်ခါမှ မကြုံဖူးသည့်ဒေါသနှင့် တိုက်ခိုက်မှုကိုကြုံတွေ့ရလိမ့်မည်ဟု ထရန့်က သတိပေးပြောကြားခဲ့သည်။ ကုလသမဂ္ဂက မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမှုကို သြဂုတ် ၅ ရက်ကအတည်ပြုခဲ့ရာ မြောက်ကိုရီးယားကို နှစ်စဉ်ဒေါ်လာ တစ်ဘီလီယံ ထိခိုက်နစ်နာလိမ့်မည်ဟုဆိုသည်။
 

Ref;AFP
#democracytoday
ORIGINAL ARTICLE