Lotayamm

search
မာတိကာ

contents

သတင်းများ

မြောက်ကိုရီးယားက စတိုက်ပါက တရုတ်နိုင်ငံကြားနေသင့်ဟု တရုတ်သတင်းစာဖော်ပြ

နေ့ရက်:
Aug 12, 2017
7daydaily
အမေရိကန်ကို ခြိမ်း ခြောက်သည့် တိုက်ခိုက်မှုတစ်ခု မြောက်ကိုရီးယားက စလုပ်ခဲ့ပါ က တရုတ်နိုင်ငံအနေဖြင့် ကြား နေသင့်ကြောင်းနှင့် မြောက်ကိုရီး ယား အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းကာ အမေရိကန်က စတင် တိုက်ခိုက်ပါက တရုတ်က တားဆီးမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် သတင်းစာက သော ကြာနေ့၌ ဖော်ပြသည်။

ပစိဖိတ်သမုဒ္ဒရာရှိ အမေရိ ကန်၏ပိုင်နက် ဂူအမ်ကျွန်းအနီး သို့ ဒုံးကျည်ဖြင့် ပစ်ခတ်မည့် အစီ အစဉ်များကို မြောက်ကိုရီးယားက ဖော်ပြပြီးနောက် ဂူအမ်ကျွန်း (သို့မဟုတ်) အမေရိကန်၏ မဟာ မိတ်များကို တိုက်ခိုက်မည့် အစီ အစဉ်နှင့်ပတ်သက်၍ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့က သတိပေးခဲ့ သည်။




မြောက်ကိုရီးယား၏ အရေး ပါဆုံး မဟာမိတ်ဖြစ်ပြီး ကုန်သွယ် ဖက်နိုင်ငံဖြစ်သော တရုတ်က လက်ရှိဖြစ်ပေါ်နေသော ပြဿနာ အတွင်း အေးအေးဆေးဆေး ပြုမူကြရန် ထပ်လောင်းတိုက်တွန်း ထားသည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်များ အ ကြိမ်ကြိမ် စမ်းသပ်နေခြင်းနှင့် တောင်ကိုရီးယားနှင့် အမေရိကန် တို့၏ အပြုအမူများ နှစ်ခုစလုံးကို တရုတ်က စိတ်ပျက်ကြောင်း ဖော်ပြပြီး တင်းမာမှုများ မြင့်တက် စေသည်ဟု ရှုမြင်ထားသည်။

အာဏာရ ကွန်မြူနစ်ပါတီ ၏ တရားဝင်သတင်းစာ Global Times သတင်း၏ အယ်ဒီတာ ကဏ္ဍတွင် ဘေဂျင်းအစိုးရအနေ ဖြင့် ၀ါရှင်တန်ကိုသော်လည်း ကောင်း ပြုံယမ်းကိုသော်လည်း ကောင်း နောက်ဆုတ်အောင်လုပ် ရန် မတတ်နိုင်ဟု ဖော်ပြထား သည်။

တရုတ်၏ အကျိုးစီးပွားများ ကို ပျက်ပြားစေသော လုပ်ရပ် များရှိလာပါက တရုတ်က အခိုင် အမာ တုံ့ပြန်မည်ဆိုသော သ ဘောထားကို အားလုံးနားလည် ရန် လိုသည်ဟု တရုတ်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို ကိုယ်စားပြုသည့် ယင်းသတင်းစာက ဖော် ပြသည်။

—Ref: Reuters
ORIGINAL ARTICLE