Lotayamm

search
မာတိကာ

contents

သတင်းများ

ဦးတင်ဦးနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်တို့ထံ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး သွားရောက် ကြည့်ရှုအားပေးခဲ့

နေ့ရက်:
Jul 17, 2017
yangonmedia
''ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ နာယကကြီးဦးတင်ဦးကိုလာကြည့်တာပါ။ သူတို့ကျန်းမာရေးကောင်းကြပါတယ်''ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကိုက ဇူလိုင် ၁၆ ရက်က ပြောသည်။  ယာဉ်တိုက်မှုကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှာ ဘယ်ဘက်ခြေ သလုံးရိုးနှစ်ချောင်းကျိုးသွားသောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဇူလိုင် ၁၅ ရက်ကခွဲစိတ်မှုပြုလုပ်ခဲ့ရာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး တစ်ပတ်ခန့် ဆေးရုံတက်ရဦးမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက တောင်ကလေးဆရာတော် အရှင်ပညာသာမိ၏သက်တော် (၅၇) နှစ်ပြည့်မွေးနေ့ ဝိဇာတမင်္ဂလာအခမ်းအနားသို့ မော် တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ်ယာဉ်မတော်တဆမှုဖြစ်ပွား၍ ထိခိုက်ခဲ့ခြင်းဖြစ်ကာ ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီးနောက် ဘားအံ ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ယင်းနေ့ ညနေပိုင်းကလွှဲပြောင်းကုသ စေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နာယကကြီးဦးတင်ဦးမှာ ဦးနှောက်သွေးကြောပိတ်ရောဂါ၊ လေ ဖြတ်ရောဂါတို့ဖြင့် မေ ၁၈ ရက်က ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူနေခြင်းဖြစ်ကာ ယခုအခါ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်၍ မကြာမီ ဆေးရုံမှဆင်းရတော့မည်ဖြစ်ကြောင်း သိရသည်။
 
SMO
#democracytoday
ORIGINAL ARTICLE