Lotayamm

search
မာတိကာ

contents

သတင်းများ

မျက်နှာသစ် သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသော 'ည' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မည်

နေ့ရက်:
Jul 17, 2017
yangonmedia
'ည'ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးမှ ရိုက်ကူးပုံဖော်ထားပြီး မျက်နှာသစ်သရုပ် ဆောင်များဖြစ်ကြသော ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်း သော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုနှင့် မြတ်နိုးအေးတို့မှပါဝင်သရုပ်ဆောင် ထားခြင်းဖြစ်ရာ ယင်းရုပ်ရှင်ဇာတ်ကား နှင့်ပတ်သက်၍ ဇာတ်ကားတွင်ပါဝင်ထားသောသရုပ်ဆောင်အချို့ကို အခုလိုပဲမေးမြန်းဖြစ်ခဲ့ပါသည်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦး
''ကျွန်တော်ဒီဇာတ်ကားရိုက်ကူးတဲ့နေရာမှာ ဗီဒီယိုကွဲထွက်ချင်တယ်။ ကျွန်တော်လိုဒါရိုက်တာအသစ်တစ် ယောက်အနေနဲ့ထွက်လာရင်လည်း ပရိသတ်အားပေးမှုက ဘယ်လောက်မှရှိမှာ မဟုတ်ဘူးလေ။ ပရိသတ်အား ပေးမှုကိုထိုက်ထိုက်တန်တန်ရချင်တယ်။ ဒီဇာတ်ကားရဲ့ဇာတ်ညွှန်းအရကိုက သရုပ်ဆောင်အသစ်တွေနဲ့ရိုက်တာပိုအဆင်ပြေမှာဖြစ်တဲ့အတွက် သရုပ်ဆောင်အသစ်တွေကို ရွေးချယ်ပြီးတော့ ရိုက်ကူးဖြစ်ခဲ့တာပါ။ သရုပ်ဆောင်အသစ်တွေနဲ့ရိုက်ဖို့ပဲ စဉ်းစားခဲ့တယ်။ ဈေးကွက်အခြေအနေကို မစဉ်းစားထားဘူး။ သရုပ် ဆောင်အသစ်တွေဖြစ်ပေမယ့်လည်း သူတို့တွေလည်းအရမ်းကိုကြိုးစား ထားတယ်ဆိုတာ ကျွန်တော်ကတော့ အပြည့်အဝကို အာမခံပါတယ်။ ပရိသတ်တွေလာကြည့်ပြီးတော့ ကြိုက်ကြမယ်လို့တော့ ယုံကြည်ပါတယ်''
သရုပ်ဆောင် အောင်ရဲထိုက်
''ဒီဇာတ်ကားမှာ ကျွန်တော်တို့ တွေ အားလုံးက မျက်နှာသစ်တွေဖြစ်တဲ့အတွက် ဒီဇာတ်ကားမှာပါဝင်ဖို့အတွက်ကို Training  တွေလည်းဆင်းရတယ်။ ရိုက်ကူးချိန်ကလည်းများတယ်။ အသစ်တွေပဲဖြစ်တဲ့အတွက် ရိုက်ကူးတဲ့အချိန်မှာလည်းအခက် အခဲတွေကြုံခဲ့ရတယ်။ ကျွန်တော်လုပ်ရတဲ့၊ ပါဝင်ရတဲ့အခန်းကဏ္ဍကို ကြိုက်တယ်။ ကာရိုက်တာအရ ဖော်ပြလို့မရဘဲ စိတ်ထဲမှာရှုပ်ထွေး နေရတဲ့ပုံစံမျိုး ကာရိုက်တာဆိုတော့ ကြိုက်တယ်''
သရုပ်ဆောင် နန်းထရေစီ
''ဒီဇာတ်ကားစရိုက်တုန်းက ညီမက ၁ဝ တန်းပဲရှိသေးတယ်။ ဒီဇာတ်ကားမှာပါဝင်ရတဲ့ ကာရိုက်တာ တွေကို ဒါရိုက်တာကရွေးချယ်ပေးခဲ့တာပေါ့နော်။ ညီမပါဝင်ရတဲ့ကာရိုက်တာက အဲဒီနေရာဖြစ်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ညီမက ဒီအဖွဲ့ထဲမှာ ခေါင်းဆောင်အနေနဲ့တော့မဟုတ်ပါဘူး။ အလယ်ကနေပြီးတော့ ပေါ်လာတဲ့သူပေါ့နော်။ ညီမတို့ဘက်က တော့ မျက်နှာသစ်သရုပ်ဆောင်တွေ ဖြစ်ပေမယ့်လည်း အကောင်းဆုံးဖြစ် အောင်ကြိုးစားထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှု ဘယ်လိုရှိလဲဆိုတာကို ရင်ခုန်နေပါတယ်'' 
 
NN
#democracytoday
ORIGINAL ARTICLE