Lotayamm

search
မာတိကာ

contents

သတင်းများ

မုံရွာမြို့သို့ ကုန်စိမ်းသီးနှံ တင်ပို့ရာဒေသများရှိ စိုက်ခင်းများ ရေမြုပ်နေသဖြင့် ကုန်စိမ်းဈေးများ ခုန်တက်

နေ့ရက်:
Jul 17, 2017
yangonmedia
''ဘူးသီး၊ ငရုတ်၊ တရုတ်နံနံ၊ ဖြူပင်၊ ဖြူထုပ်၊ ဆူးပုပ်ရွက်တွေ အကုန်ဈေးတက်တယ်။ မုန်လာထုပ်၊ မုန်လာပွင့်၊ ဂေါ်ရခါးသီးတွေက မန္တလေး၊ မေမြို့တို့ဘက်ကလာတော့ ဈေးမတက်ဘူး။ တောင်ကျွန်းထဲက ဈေးသည်တွေကသာ မြစ်ရေဝင်လို့လာမရောင်းနိုင်ဘူး၊ ရေမဝင်သေးတဲ့ဆီက မြန်မြန်ခူးဆွတ်ပြီးလာရောင်း ကြတယ်၊ တစ်ချို့ဟာတွေကျ ရေနဲ့ စိုစိုစွတ်စွတ်ဆိုတော့ ရက်ကြာကြာ အထားမခံဘူး''ဟု မုံရွာမြို့ရှိလက် ကားဈေးဖြစ်သော မင်္ဂလာဈေးမှ ကုန်စိမ်းသည်တစ်ဦးက ပြောသည်။
မုံရွာမြို့သို့ ကုန်စိမ်းများအဓိ ကတင်ပို့ရာ ဒေသအချို့နှင့် ကျွန်းထဲ ကျေးရွာပေါင်း ၂ဝ ကျော်၌ မြစ်ရေ ဝင်ရောက်လျက်ရှိပြီး တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနစာရင်းအရ ယင်းကျေး ရွာရှိ လူပေါင်း ၆ဝဝဝ ကျော် ရေဘေး လွတ်ရာ မုံရွာ-အမြင့် ချင်းတွင်းမြစ် တာရိုးလမ်းဘေးနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ ပြောင်းရွှေ့နေထိုင် နေကြရကြောင်း သိရသည်။ 
 
KTS
#democracytoday
ORIGINAL ARTICLE