Lotayamm

search
မာတိကာ

contents

သတင်းများ

နေပြည်တော်၊ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် ဒရုန်းယာဉ်ပျံဖြင့် လုံခြုံရေးဆောင်ရွက်မည်

နေ့ရက်:
Jul 17, 2017
yangonmedia
ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ''အာဇာနည်နေ့မတိုင် ခင်ရက်အနည်းငယ်မှာပဲကြိုတင်ပြီး ဒရုန်းတွေနဲ့ လုံခြုံရေးအတွက်ဆောင်ရွက်မှာပါ။ လုံခြုံရေးအတွက် ဒရုန်းအရေအတွက် ဘယ်လောက်အသုံး ပြုသွားမလဲဆိုတာကိုတော့ အတိအကျပြောမရပါဘူး။ လုံခြုံရေးကို သတင်းရရှိတဲ့အနေအထားအပေါ်မူတည် ပြီးဆောင်ရွက်သွားမှာပါ။ နိုင်ငံတော်အဆင့်ရှိသူတွေအတွက် လုံခြုံရေးကိုအတွင်းစည်း၊ အပြင်စည်းဆောင်ရွက်ထားပါတယ်''ဟု ပြောသည်။
အာဇာနည်နေ့မတိုင်မီ နေပြည် တော်၊ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် အခမ်းအနားကျင်းပမည့်နေရာများ နှင့်အနီးတစ်ဝိုက်နေရာများ၌ လုံခြုံ ရေးအတွက် မိုင်းရှာဖွေရေးအဖွဲ့များ၊ ဒရုန်းများ၊ အနံ့ခံခွေးများဖြင့် လုံခြုံ ရေးဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ယာဉ်များကို ရှောင်တခင် ပိတ်ဆို့ရှာဖွေခြင်းနှင့် မြေပြင်သတင်း ထောက်လှမ်းခြင်းတို့ကို တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် ဆောင်ရွက် နေကြောင်း သိရသည်။ 
 
KMZ
#democracytoday
ORIGINAL ARTICLE