Lotayamm

search
မာတိကာ

contents

သတင်းများ

ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် မြိတ်မြို့တွင် ဆန္ဒထုတ်ဖော်

နေ့ရက်:
Jul 17, 2017
yangonmedia
''ဒီသက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေအများကြီးသိ အောင်ဆိုပြီးတော့ လူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲကိုပြုလုပ်တာပါ။ ကလေးတွေနဲ့ ကလေးမိဘတွေကို သိအောင်ဆိုပြီးတော့ ဆန္ဒထုတ် ဖော်ခဲ့တာပါ''ဟုဆန္ဒပြပွဲ ဦးဆောင်သူ ဒေါ်ရှင်ဌေးက ပြောသည်။ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် သက် ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ရန်ကုန်မြို့မှ ဒေါက်တာဖြိုးသီဟက ဟောပြောဆွေးနွေးပြီး ဥပဒေပညာ ပေးရှေ့နေဦးလွင်အောင်က ဟော ပြောဆွေးနွေးခဲ့သည်။ ဆန္ဒထုတ်ဖော်သူများသည် မြိတ် တောင်နယ်၊ မြို့သစ်ဈေးမှ အောင် မင်္ဂလာဈေးအထိ ထိုမှတစ်ဆင့် ရွှေ ပြည်တန်ရပ်ကွက်၊ ရာပြည့်ရပ်ကွက်နှင့် မြိတ်တောင်ကျေးရွာအရှေ့ သိမ်ဘောလုံးကွင်းအထိ ချီတက်၍ ကြွေးကြော်သံများကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 
 
DMT
#democracytoday
 
 
ORIGINAL ARTICLE