Lotayamm

search
မာတိကာ

contents

သတင်းများ

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အား စကားအပြော အဆို ဆင်ခြင်ရန် NLD စီအီးစီ ခေါ်ယူ ဆုံးမခဲ့ဟု ဆို

နေ့ရက်:
Jul 16, 2017
yangonmedia
ဇူလိုင် ၉ ရက်တွင် ရန်ကုန် မြို့ ဆီဒိုးနားဟိုတယ်၌ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် သက်ဆိုင်သည့်စကားအချို့ ပြောကြားခဲ့ပြီး အဆိုပါစကားနှင့် ပတ်သက်၍ တပ်မတော်က လိုအပ်သလို အရေးယူပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရထံသို့ တင်ပြ ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ က အဆိုပါပြောစကားသည် အစိုးရအဖွဲ့၏ သဘောထားမဟုတ်ကြောင်း တပ်မတော်ထံသို့ ပြန်ကြားမှုများရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံမှုနှင့်ပတ်သက်၍ NLD ပါတီက သတင်းထုတ်ပြန်ပေးမည်မဟုတ် ကြောင်း ပြောဆိုခဲ့သည်။ ''CEC က သူ့ကို ခေါ်ယူ ဆုံးမပြီးပြီဆိုတာ ပြောပြီးနေပြီပဲ။အဲဒီတော့ သတင်းထုတ်ပြန်ပေးဖို့ မလိုအပ်တော့ဘူး ထင်ပါတယ်''ဟု မုံရွာအောင်ရှင်က ပြောကြားခဲ့ သည်။
 
မင်းနိုင်စိုး
#theflowernews
ORIGINAL ARTICLE