Lotayamm

search
မာတိကာ

contents

သတင်းများ

ကျောက်မဲတွင် တောအတွင်းမျှစ်သွားချိုးသည့် ရွာသားတစ်ဦး သားပေါက်ထားသည့် ၀က်ဝံတစ်ကောင်၏ တိုက်ခိုက်မှုခံရ

နေ့ရက်:
Jul 16, 2017
7daydaily
ကျောက်မဲမြို့နယ်ကော် ပေါင်ကျေးရွာတွင် တောအတွင်း မျှစ်ချိုးရန်သွားသော ရွာသားတစ် ဦး သားပေါက်ထားသည့် ၀က်ဝံတစ်ကောင်၏ တိုက်ခိုက်မှုခံရကာ မျက်နှာတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


ကော်ပေါင်ရွာတွင် နေထိုင် သည့်အသက် (၅၄)နှစ်အရွယ် ဦး အိုက်ကျန်းသည်  ဇူလိုင် ၁၄ ရက် က ၀က်ဝံမတစ်ကောင်၏ တိုက်ခိုက်ခံရမှုခံခဲ့ရကြောင်း ၎င်းအမျိုးသားအား ကူညီပေးနေသော ဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးတင်မောင်သိန်းက ပြောသည်။

‘‘တောထဲ မျှစ်သွားချိုးရင်း ၀ါးရုံထဲက ၀က်ဝံပေါက်လေး တစ်ကောင်က သူ့(ဦးအိုက်ကျန်း) ကိုမြင်လို့ လန့်အော်တာမှာ ၀က် ၀ံအမကြီးက ပြေးလာပြီးတိုက် ခိုက်တာလို့ သိရတယ်။ ဒဏ်ရာ တွေကတော့ မျက်နှာတစ်ခုလုံးပဲ။ ပါတဲ့ဓားနဲ့ပြန်ခုခံလို့ ၀က်ဝံက ထွက်ပြေးလို့ သက်သာရတာ’’ ဟု ဦးတင်မောင်သိန်းက ပြောသည်။

ဝက်ဝံတိုက်ခိုက်ခံရသော ဦး အိုက်ကျန်းကို ကျောက်မဲဆေးရုံ မှတစ်ဆင့် မန္တလေးဆေးရုံသို့ လွှဲပြောင်း ကုသနေကြောင်းကျောက်မဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူးဟန်ဝင်းလှိုင်က ပြောသည်။

ကော်ပေါင်ရွာသည်ကျောက် မဲမြို့မှ မိုင် ၅၀ ခန့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ လူနာ ကို ဆေးရုံသို့ ခက်ခက်ခဲခဲခေါ် ဆောင်ခဲ့ရကြောင်း ဒေသခံများ ထံမှ သတင်းရရှိသည်။ အဆိုပါ ဒေသသည် လွန်ခဲ့သော လအ နည်းငယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြေမြှုပ်မိုင်း အန္တရာယ်လည်းရှိနေကာ မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံအချို့ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ ဖူးသည်။
ORIGINAL ARTICLE