Lotayamm

search
မာတိကာ

contents

သတင်းများ

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အစာအိမ် ကင်ဆာရောဂါဖြင့် စစ်တွေမြို့၌ ကွယ်လွန်

နေ့ရက်:
Jun 19, 2017
yangonmedia
ဦးဖိုးမင်းသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တို့ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ(ANP)ကိုယ်စားပြုကာ ရသေ့တောင် မြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်သည်။ ''ဦးဖိုးမင်းဟာ ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီကို ဗိုလ်ချုပ်ခိုင်မိုးလင်းနဲ့ စတင်တည်ထောင်သူ တစ်ယောက်ဖြစ်ပါတယ်။ ရခိုင်မှာ နိုင်ငံရေးစင်မြင့်တစ်ခု၊ နိုင်ငံရေးပါတီတစ်ခုလိုအပ်တယ်ဆိုပြီး RNDP ပါတီကို စတင်ဖွဲ့စည်းခဲ့ရာမှာ အဓိကပါဝင်ခဲ့တဲ့ ဖောင်ဒါတစ်ယောက် လည်းဖြစ်ပါတယ်''ဟု ရခိုင်အမျိုးသား ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
ဦးဖိုးမင်းသည် ဘူးသီးတောင်မြို့နယ် စပါးထား ကျေးရွာဇာတိဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရသေ့တောင် မြို့နယ်မဲဆန္ဒနယ်မှ ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ(RNDP) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။  ဦးဖိုးမင်းကွယ်လွန်ချိန်တွင် အသက် (၇၁) နှစ်ရှိပြီးဇနီးဖြစ်သူ ဒေါ်စောနုဝေနှင့်အတူ သားသမီး ခြောက်ဦးကျန်ရစ်ခဲ့ကာြ<ွကင်းကျန် ရစ်သည့် ရုပ်ကလာပ်ကို ဇွန် ၁၉ ရက်တွင် စစ်တွေ၌ သင်္ဂြိုဟ်သွားမည်ဖြစ်သည်။
 
GC
#democracytoday
ORIGINAL ARTICLE