Lotayamm

search
မာတိကာ

contents

သတင်းများ

ဓာတ်အားလိုင်း သွယ်တန်းခြင်းအတွက် သိမ်းဆည်းခံခဲ့ရသည့် မြေနေရာများအတွက် လျော်ကြေးရလိုဟု တောင်သူများပြောကြား

နေ့ရက်:
Jun 19, 2017
yangonmedia
 
''ကျွန်တော်တို့လယ်ယာမြေပေါ်မှာ နိုင်ငံတော်စီမံကိန်းဆိုပြီး ၂၃ဝ KV ဓာတ်အားလိုင်းသွယ်တန်းဖို့လာတိုင်းတဲ့အချိန်မှာ ကျွန်တော်တို့ ကန့်ကွက်ခဲ့တယ်။ အခုချိန်ထိ သီးနှံ၊ နှစ်ရှည်ပင်နဲ့ မြေယာလျော်ကြေးငွေ တွေမပေးသေးဘူး။ အခုကျွန်တော်တို့မှာ ဆုံးရှုံးနစ်နာမှုတွေဖြစ်ပေါ်နေတယ်''ဟု ဘိုးနေဒွန်းကျေးရွာမှ ဦးထွန်းခိုင်က ဇွန် ၁၇ ရက်တွင်ပြောကြားသည်။ ပြင်ဦးလွင်မြို့နယ်အတွင်း တာဝါတိုင် ၂၇ ခုစိုက်ထူနိုင်ရန်အတွက် မြေဧက ၆၅ ဧကကျော် တောင်သူ ၂ဝ ကျော်မှ ပေးခဲ့ရသည့်တာဝါတိုင် အတွက် သီးနှံလျော်ကြေးအပြင် မြေယာလျော်ကြေးပါရယူလို၍ တောင်း ဆိုနေခြင်းဖြစ်သည်။
''တောင်သူတွေကိုသီးနှံလျော် ကြေးပေးသွားမှာပါ။ အခုအချိန်မှာ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေတဲ့ အချိန်မို့ တာဝါတိုင်စိုက်ထူတာ၊ လိုင်းကြိုးဆွဲတာတွေက မပြီးသေးတာက တစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းထားတဲ့လယ်ယာသီး နှံလျော်ကြေးစိစစ်ရေးအဖွဲ့ကလည်း သီးနှံဆုံးရှုံးမှုအရေအတွက်ကို တိုင်စိုက်ထူစဉ်၊ ကြိုးသွယ်တန်းစဉ်တွေမှာ ပျက်စီးမှုတွေကို ကောက်ခံထားပြီးဖြစ်ပါတယ်။ တိုင်စိုက်ထူတဲ့နေ ရာမြေအတွင်းမှာ သီးနှံပျက်စီးမှုနဲ့ ကြိုးသွယ်တန်းစဉ်ပျက်စီးမှုနှစ်မျိုး ကိုကောက်ခံပြီးမြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်တင်ပြပြီး လျော်ကြေး ပေးအပ်ရာတွင်လည်း ဒေသကာလပေါက်ဈေးအတိုင်းဆုံးရှုံးခဲ့သည့် ဧကများကို ပေးအပ်သွား မှာပါ''ဟု ရွှေစာရံရှိ မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဦးစီးဌာနစီမံကိန်း မန်နေဂျာရုံး (၁) မှ စီမံကိန်းမန်နေဂျာ ဦး အောင်ဇေယျက ပြောကြားသည်။
အထက်ရဲရွာ-ရွှေစာရံ ၂၃ဝ KV ဓာတ်အားလိုင်းသွယ်တန်းခြင်းကို လုပ်ငန်းများအနက် အပိုင်း (၆) လုပ်ငန်းကို ပြင်ဦးလွင်မြို့နယ်အစ ဖြစ်သောထုံးဘို၊ နောင်လုံး၊ ရေသ ရောက်ကုန်း၊ မြိုင်ကြီးနှင့် ကျွန်းတစ်ပင်နှင့် ဝက်ဝံကျေးရွာများ၏ အရှေ့ ဆက်ခြမ်းရှိကွင်းများတွင် ဓာတ်အားလိုင်းသွယ်တန်းရန် တာဝါတိုင်များစိုက် ထူမှုလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
MTK
#democracytoday
ORIGINAL ARTICLE