Lotayamm

search
မာတိကာ

contents

သတင်းများ

နေပြည်တော် ဘောဂသီရိ ကားဝင်းသို့ နေ့စဉ် ကုန်တန်ချိန် ၆ဝဝ ကျော် ဝင်ရောက်လျက်ရှိ ဟုဆို

နေ့ရက်:
Jun 19, 2017
yangonmedia
 
''ဒီဘောဂသီရိကားဝင်းကုန်စည်ဂိတ် ကုန်စည်ပို့ဆောင်ရေးကနေသွားတဲ့ ကုန်ပစ္စည်းတွေက ကောက်ပဲသီးနှံ၊ ကျောက်အုတ်တွေများတယ်။ ဘောဂသီရိကားဝင်း ကုန်စည်ဂိတ်သို့ ရန်ကုန်၊ မန္တလေးနှင့် နယ်စပ်ဒေသတွေက ကုန်ဝင်/ကုန်ထွက်ခန့်မှန်း ခြေတစ်နေ့ကားအစီးရေ ၄ဝ ကျော်ရှိတယ်။ တန်ချိန်အားဖြင့် ကားတစ်စီးကို ၁၇ တန် နှုန်းနဲ့ဆိုရင် ကုန်တန်ချိန် ၆၈ဝ တန်ကျော် ရှိတယ်။ ကုန်ပို့ခနှုန်းထားက အောက်ကုန် တစ်ပိဿာကျပ် ၄ဝ၊ ၄၅ နှုန်းနဲ့ အပေါ်ကုန်က တစ်ပိဿာကျပ် ၅ဝ မှ ကျပ် ၁ဝဝ ထိ ပေါက်ဈေးနှုန်းရှိတယ်။ နေပြည်တော်က အဓိကကုန်ထွက်တဲ့နေရာမဟုတ်ဘူး။ ဒီ နေပြည် တော်ဘောဂသီရိကားဝင်းကပို့တဲ့ ကုန်စည် တွေက ရန်ကုန်တစ်မြို့တည်းသွားမှာ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုမသွားဘူး။ ကုန်ပစ္စည်းတွေကို နေပြည်တော် ဘောဂသီရိကားဝင်းမှတစ်ဆင့် ကုန်စည်ပို့ဆောင် ရေးလုပ်ပေးတာဟု ၎င်းကပြောသည်။  နေပြည်တော်ဘောဂသီရိကားဝင်းတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည့် ကုန်စည်ဂိတ် ၁ဝ ဂိတ်ကျော်ရှိ ကြောင်း သိရသည်။
 
MO
#democracytoday
ORIGINAL ARTICLE