Lotayamm

search
မာတိကာ

contents

သတင်းများ

ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လူမှုရေး အဖွဲ့အစည်းများနှင့် မြို့ခံသတင်းထောက်များ ဆန္ဒထုတ်ဖော်

နေ့ရက်:
Jun 19, 2017
yangonmedia
 
ဆန္ဒထုတ်ဖော်သူအင်အား ၆ဝ ကျော်ခန့်သည် မုံရွာမြို့အားကစားကွင်းမှ ခရိုင်တရားရုံး၊ ထိုမှတစ်ဆင့် မုံရွာအကျဉ်းထောင်နှင့်မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးလမ်းတို့မှ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အဝိုင်းဘက်သို့ ကြွေးကြော်သံများကြွေးကြော်၍ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ''လွှတ်တော်အမတ်တွေအနေ နဲ့ဒီဥပဒေကို လွှတ်တော်မှာ အမြန်ဆုံးပြင်နိုင်အောင် ဆောင်ရွက်မယ်လို့ယုံကြည်ထားတယ်။ ဆက်သွယ် ရေးဥပဒေနဲ့ တရားစွဲခံရတာ ၆ဝ ကျော်ရှိလာပြီ။ အွန်လိုင်းသုံးစွဲသူ တွေကိုလိုသလို အရေးယူနိုင်အောင် ဆောင်ရွက်ထားတဲ့ ဥပဒေဖြစ်တယ်''ဟု မုံရွာမြို့ ချင်းတွင်းအင်စတီကျုမှ ကိုစိုးဝင်းဆွေက ပြောကြားသည်။ ဇွန် ၁၈ ရက် နံနက်တွင်ဆန္ဒ ထုတ်ဖော်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းကြားစာတင်ပြထားပြီး ဆန္ဒထုတ်ဖော်မှုတွင် မုံရွာသတင်း သမားများက မီဒီယာဖိနှိပ်ရပ်ဟူ သောစာတန်းပါ တီရှပ်အင်္ကျီဆင်တူဝတ်၍ လက်ပတ်ဖြူကမ်ပိန်းကိုပါ ဆောင်ရွက်ခဲ့ကြသည်။ 
 
KTS
#democracytoday
ORIGINAL ARTICLE