Lotayamm

search
မာတိကာ

contents

သတင်းများ

ရင်ဆိုင်တိုက်မိ သင်္ဘောနှစ်စင်းမှ ပျောက်ဆုံး အမေရိကန် စစ်သားခုနစ်ဦး အလောင်းများ ဆယ်ယူရရှိ

နေ့ရက်:
Jun 19, 2017
yangonmedia
''အမေရိကန်-ဂျပန်ပူးပေါင်းကယ်ဆယ်ရှာဖွေ ရေးအဖွဲ့တွေက သင်္ဘောချင်းတိုက်မိရာနေရာတစ် ဝိုက်ကိုဗဟိုပြုပြီး ၂၄ နာရီအတွင်းရှာဖွေရာမှာ ပြန်လည်တွေ့ရှိဆယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါယိုကို ဆူခါရေတပ်ဆေးရုံကို ပို့ဆောင်လိုက်ပါပြီ''ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ ဂျပန်အင်န်အိပ်ခ်ျကေအသံလွှင့်ဌာနကလည်း ပျောက်ဆုံးအမေရိကန်စစ်သားများ၏ ရုပ်အလောင်းများကို သင်္ဘောတွင်းကပင် ပြန်လည်တွေ့ရှိဆယ်ယူ ရရှိခဲ့သည်ဟူ၍ သတင်းထုတ်လွှင့်လိုက်သည်။
၂၂၂ မီတာရှည်သော ဖိလစ်ပိုင်ကုန်သင်္ဘောတွင် ဦးပိုင်း၌သာအနည်းငယ်ခြစ်ရာများတွေ့ရှိခဲ့ရသည်။ သင်္ဘောသား ၂ဝ စလုံးထိခိုက်မှုများမရှိခဲ့ချေ။ အမေရိကန်ဖျက်သင်္ဘောသည် ၁၅၄ မီတာ(ပေ ၅ဝဝ)ရှည်လျားပြီး ဂျပန်နိုင်ငံယိုကိုဟားမားမြို့အနီး တိုကျိုကွန်တိန်နာစခန်းသို့ဝင်ရာ အသွားအလာရှုပ် ထွေးသောရေကြောင်း၌ နှစ်စီးတိုက်မိခြင်းဖြစ်သည်။ သင်္ဘောနှစ်စင်းတိုက်မိရခြင်းအကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်သည်။
 
Ref;AFP
#democracytoday
ORIGINAL ARTICLE