Lotayamm

search
မာတိကာ

contents

သတင်းများ

ပျက်ကျ လေယာဉ်၏ Black Box နှင့် အမြီးပိုင်းတို့ကို ဆယ်ယူနိုင်၊ လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းကို ဆက်လက်ဖော်ထုတ်မည်

နေ့ရက်:
Jun 19, 2017
yangonmedia
အဆိုပါလေယာဉ်အမြီးပိုင်းတွင် FDR-Flight Data Recorder (Black Box)  နှင့် CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရသည့်အကြောင်း အရင်းအားဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ် စစ်သည်များပူးပေါင်း၍ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း တစ်လောင်းအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် ယခုအချိန်ထိ စုစုပေါင်းရုပ် အလောင်း ၉၂ လောင်း ရှာဖွေတွေ့ ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
ORIGINAL ARTICLE