Lotayamm

search
မာတိကာ

contents

သတင်းများ

မြန်မာနိုင်ငံတွင် ဖော်ဆောင်မည့် ရွှေဗဟိုဈေးကွက်တွင် ဒူဘိုင်းအပါအဝင် နိုင်ငံတကာ ရွှေလုပ်ငန်း အဖွဲ့အစည်းများ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

နေ့ရက်:
Jun 19, 2017
yangonmedia
မြန်မာနိုင်ငံရွှေဗဟိုဈေးကွက်နှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုများ လာ ရောက်လုပ်ကိုင်ရန်အတွက် ဒူဘိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရွှေနှင့်ပတ်သက်သောဘဏ်တစ်ခုကို အမေရိကန်ဒေါ်လာသန်း ၂ဝဝ ဖြင့် ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားပြီး ယင်းဘဏ်အနေဖြင့် မြန်မာ့ရွှေဗဟိုဈေးကွက်အတွက် အထောက်အပံ့များပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် ယင်းကဲ့သို့လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းသို့ ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးကျော်ဝင်းက ''ဒူဘိုင်းဆိုရင် သူတို့ကကျွန်တော်တို့နိုင်ငံမှာ ရွှေနဲ့ပတ်သက်တဲ့ ဘဏ်တစ်ခုလာဖွင့်ချင်တယ်ပေါ့၊ အဲ့ဒီအတွက် အမေရိကန်ဒေါ်လာ ၂ဝဝ မီလီယံနဲ့ ရင်းနှီးမြှုပ် နှံမယ်၊ ပြီးရင်ကျွန်တော်တို့လုပ်ဆောင်မယ့် ရွှေဗဟိုဈေးကွက်အတွက် Supporting  ပေးမယ်ဆိုပြီးတော့ ကမ်းလှမ်းတယ်'' ဟု ဇွန် ၁၆ ရက်ကပြောသည်။
မြန်မာနိုင်ငံရွှေဗဟိုဈေးကွက်တွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်အတွက် ဒူဘိုင်းအပြင် စင်ကာပူ၊ ဟောင်ကောင်နှင့် ရှန်ဟိုင်းတို့မှလည်း စိတ်ဝင်စားမှုများရှိနေသော်လည်း ယင်းကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရဘက်မှ ၎င်းတို့အတွက် အာမခံချက်တစ်စုံတစ်ရာပေးမည်ဆိုလျှင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ကြောင်းဆိုသည်။ ''နိုင်ငံတွေအားလုံးမေးတဲ့ မေးခွန်းကတစ်ခုတည်းပါပဲ၊ အဲ့ဒါကတော့ မြန်မာနိုင်ငံမှာ သူတို့အနေနဲ့လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့ကိုမြန်မာနိုင်ငံတော်အစိုးရဘက်က အာမခံချက်တစ်ခုခုပေးမှ သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံ မှုပြုလုပ်နိုင်မယ်ဆိုပြီးတော့ပြောကြပါတယ်။ အဲ့ဒီလိုမျိုး ထူးထူးခြားခြား နိုင်ငံအားလုံးက ဒီလိုမျိုးပဲပြောကြတယ်''ဟု ဦးကျော်ဝင်းကဆိုသည်။
PP
#democracytoday
ORIGINAL ARTICLE