Lotayamm

search
မာတိကာ

contents

သတင်းများ

ဒယ်အိုးဆရာတော်အား သူရဦးတင်ဦး ရန်ကုန်ဆေးရုံကြီးတွင် ဆွမ်းဆက်ကပ်

နေ့ရက်:
Jun 18, 2017
7daydaily
ဒယ်အိုးဆရာတော် ဥုး သုမင်္ဂလနှင့် သံဃာတော်ကိုးပါး အား ဆွမ်းကပ်လှူပူဇော်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနှင့် တပည့် များက ဇွန်လ ၁၇ ရက် နံနက်တွင်ရန်ကုန်ဆေးရုံကြီးနှလုံးဆေးကု သဆောင်၌ ပြုလုပ်ခဲ့ကြောင်း သ တင်းရှိသည်။


ကျန်းမာရေးကောင်းမွန်လာ သော သူရဦးတင်ဦးသည် ဘီးတပ်ကုလားထိုင်တွင် ထိုင်ပြီး တရား နာခဲ့ကာ ဆရာတော်များထံ လှူ ဖွယ်ပစ္စည်းများကိုယ်တိုင်ဆက် ကပ်လှူဒါန်းခဲ့သည်။

‘‘ဘဘကျန်းမာရေးကောင်း လာလို့ သံဃာတော်ကိုးပါးကို အလှူလုပ်တာ။ ဒီနေ့ဆရာတော် ဥုးသုမင်္ဂလမွေးနေ့လေ။ ဘဘ မွေးရက်လည်း ဟုတ်တယ် စနေ နေ့က။ အဲဒါ ဘဘဦးတင်ဦးကို အမှူးပြုပြီးတော့ ဘဘရဲ့ သား တပည့်များက လုပ်တာပေါ့’’ဟု ဦးတင်ဦးအား အနီးကပ်ပြုစုစောင့်ရှောက်နေသူ ဦးမြင့်ဦးဆွေက ပြောသည်။ သူရဦးတင်ဦးဆေးရုံဆင်းနိုင်မည့် အစောဆုံးကာလသည် ယခုလကုန်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

‘‘ကျွန်တော်တို့ ဆရာဝန်ကြီး တွေ တိုင်ပင်မယ်။ သူ့မိသားစုနဲ့ လည်း တိုင်ပင်မယ်။ စကားပြော နိုင်ဖို့ နောက်ကိုယ်လက်လှုပ်ရှား နိုင်ဖို့တို့ လေ့ကျင့်ခန်းလုပ်တာ တွေရှိတယ်လေ။ အဲဒါတွေလုပ် နိုင်ဖို့၊ သူ့မိသားစုကိုလည်း သင် ပေးနေတယ်။ သူ့လူနာစောင့်ကို လည်း သင်ပေးနေတယ်။ အချိန် နည်းနည်းတော့ ယူရတာပေါ့’’ဟု ဒေါက်တာ အေးကိုကိုက ပြော သည်။

သူရဦးတင်ဦးသည် မေလ ၁၈ ရက်တွင်  ဦးနှောက်သွေးကြောပိတ်လေဖြတ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူနေရခြင်း ဖြစ်သည်။

ဆေးရုံတက်သည့် ခုနစ်ရက် မြောက်နေ့ မေလ ၂၄ ရက်တွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အဆင့်ကို ကျော်လွန်ကာ အခြေ အနေတိုးတက်ကောင်းမွန်လာ၍ အထူးကြပ်မတ်ဆောင်မှ နှလုံးကု သဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ကျန်းမာရေးတိုးတက်မှု အခြေအနေများအရ ဇွန်လ ၂ ရက်တွင် ဆီးပိုက်ဖြုတ်ကာ အစာ စတင်စားနိုင်ခဲ့သည်။ ဇွန်လ ၃ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုပြီး အားပေး စကားပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့လည်း ရန်ကုန်ဆေးရုံကြီး နှလုံး အထူးကုသဆောင်၌ ဆေးကုသမှု ခံယူနေသည့် ဦးတင်ဦးကို ဇွန်လ ၆ ရက်က လာရောက်ကြည့်ရှုခဲ့ သည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဇွန်လ ၁၄ ရက်တွင် သူရဦးတင်ဦးကို ဒုတိယအကြိမ် လာရောက်ကြည့်ရှုခဲ့သည်။
ORIGINAL ARTICLE