Lotayamm

search
မာတိကာ

contents

သတင်းများ

၂၀၁၇ - ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်မည်

နေ့ရက်:
Jun 14, 2017
Lotayamm

၂၀၁၇ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ၁၇-၆-၂၀၁၇ ၊ စနေနေ့ နံနက် (၀၆း၀၀) နာရီ အချိန်တွင် ထုတ်ပြန် ကြေညာမည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန website တွင် ထုတ်ပြန်ကြော်ငြာထားပါသည်။ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင်လည်း ကပ်ထားမည် ဖြစ်ပါသည်။ အဆိုပါ အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ website ဖြစ်သော



www.myanmarexam.org



တွင်လည်း အောင်စာရင်းထုတ်ပြန်မည့် (၁၇-၆-၂၀၁၇) ရက်နေ့ နံနက် (၆) နာရီတွင် စတင်ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားကြောင်း ထုတ်ပြန် ကြေညာထားပါသည်။



ထို့အပြင် အဆိုပါ အောင်စာရင်း Website အား Facebook မှတဆင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှု နိုင်ရန် ပြည်နယ်/တိုင်းဒေသကြီးအလိုက် Link များကို လည်း စီစဉ်ပေးထားကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန တရားဝင် facebook page တွင်လည်း ဖော်ပြထားပါသည်။ ဆက်လက်ဖတ်ရှုရန်



ပညာရေး နှင့် သက်ဆိုင်သော သတင်းများဖတ်ရှု့ရန်


ORIGINAL ARTICLE