Lotayamm

search
မာတိကာ

contents

သတင်းများ

အဆိုတော် သိန်းလင်းစိုး၏ ဒုတိယမြောက် တေးစီးရီး VitaminT ကို ဇန်နဝါရီ ၁၅ တွင် ဖြန့်ချိမည်

နေ့ရက်:
Jan 12, 2017
yangonmedia
''၂ဝ၁၃ က ထွက်ခဲ့တဲ့ T-Virus အခွေနဲ့ဆို အခုအခွေက သုံးနှစ်လောက် ကြာသွားပါတယ်။ ကြားထဲမှာ ကျွန်တော် အနုပညာအလုပ်တွေကို အစုံလုပ်နေခဲ့တယ်။ ကျွန်တော်ဝါသနာပါတဲ့ ဇာတ်ကားရိုက်တာအပြင် ဒါရိုက်တာအကူတွေရော အစုံပဲလုပ်နေခဲ့တယ်။ ဒီသီချင်းခွေကလဲ ကျွန်တော့်ဝါသနာအရ ပိုက်ဆံခြစ်ကုတ်စုပြီးတော့ ထုတ်ထားတာပါ။ သီချင်းတွေကတော့ ကျွန်တော်လဲ အသက်ရလာတဲ့အတွက် သေချာလေး နက်အောင် လုပ်ထားပါတယ်။ ပြီးတော့ ပရိသတ်အကြိုက်နဲ့ ကျွန်တော့်အကြိုက်လဲ ထပ်တူကျမယ်လို့ မျှော်လင့်ပါတယ်။ အကောင်းဆုံး ဖြစ်အောင်လည်း ကျွန်တော်ကြိုးစားထားပါတယ်''လို့ အဆိုတော်သိန်းလင်းစိုး က ဆိုပါတယ်။ Vitamin T သီချင်းခွေထဲမှာတော့ Feauring အဖြစ် အဆိုတော်ရဲလေး၊ ကိကိ၊ နင်ဇီမေတို့က ပါဝင်ကူညီ သီဆိုပေးထားကြောင်းသိရပါတယ်။
thu thaw di
#theyangontimes
ORIGINAL ARTICLE