Lotayamm

search
မာတိကာ

contents

သတင်းများ

ပုသိမ်ကြီးတွင် ခြင်ဆေးခွေမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေ့ရက်:
Jan 12, 2017
7daydaily
 မန္တလေးတိုင်းဒေသ ကြီး ပုသိမ်ကြီးမြို့နယ် ရေထွက် ကျေးရွာရှိ နေအိမ်တစ်လုံးတွင် ခြင်ဆေးခွေမှတစ်ဆင့် မီးစတင် လောင်ကျွမ်းရာ နေအိမ်ခြောက် လုံး ဆုံးရှုံးပြီး တီဘီရောဂါသည် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က ရေထွက်ကျေးရွာသစ်စက်အနီးရှိ ပျဉ်ထောင် အိမ်တစ်လုံးတွင် ခြင်ဆေးခွေမှ တစ်ဆင့် မွေ့ရာပေါ်သို့ မီးစွဲပြီး အမျိုးသမီးကိုပါ မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း   ပုသိမ်ကြီးမြို့ရဲစခန်းမှ စုံစမ်းသိရသည်။
မီးသည် အနီးဝန်းကျင်ရှိ နေအိမ်ငါးလုံးသို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးစတင်လောင် သည့် နေအိမ်သည် ငှားရမ်းထား သည့်အိမ်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘သူ့ရဲ့ယောက်ျားက အလုပ် သွားနေတုန်း အိမ်မှာတစ်ယောက် တည်း ရှိတဲ့အချိန် လောင်သွား တာ။ တီဘီရောဂါသည်ဆိုတော့ မီးလောင်တဲ့အချိန်မှာ မထနိုင် ဘူး။ မပြေးနိုင်ဘူးပေါ့ဗျာ’’ဟု ပုသိမ်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှု နှင့်ပတ်သက်၍ စတင်လောင် ကျွမ်းသည့်နေအိမ်မှ  သေဆုံးသူ အမျိုးသမီးကို ပုသိမ်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်းက ပြစ်မှုပုဒ်မ ၂၈၅၊၃၀၄(က)တို့ဖြင့် အမှုဖွင့် ထား ရှိကြောင်း သတင်းရရှိသည်။
ORIGINAL ARTICLE