Lotayamm

search
မာတိကာ

contents

သတင်းများ

ပုသိမ်ထောင်အတွင်း ဆူပူအကြမ်းဖက်သူ လေးဦးကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး

နေ့ရက်:
Jan 12, 2017
7daydaily
 ပုသိမ်အကျဉ်းထောင်အ တွင်း ဆူပူအကြမ်းဖက်သူလေးဦး ကို ပုသိမ်မြို့နယ်တရားရုံး၌ ဇန် နဝါရီ ၁၀ ရက်က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ဒုတိယအကြိမ် ရုံးထုတ်စစ် ဆေးရာတွင် တရားလိုပြ သက် သေလေးဦးကို နံနက် ၁၀ နာရီ ခန့်မှ နေ့လယ် ၁ နာရီခန့်အထိ လေးနာရီကြာ ကြားနာစစ်ဆေးခဲ့ သည်။
‘‘အကျဉ်းထောင်က တရား လိုပြသက်သေ ၁၀ ဦးတင်ထား ပါတယ်။ ဥပဒေရဲ့သုံးသပ်အကြံ ပြုချက်အရ တရားလိုပြသက်သေ ခုနစ်ဦးကို စစ်ဆေးမှာ ဖြစ်ပါ တယ်။ လာမယ့် ရုံးချိန်းမှာ သုံးဦး စစ်ဆေးပြီး နောက်တစ်ချိန်းကျ ရင်တော့ စွဲချက်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်’’ ဟု ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာ အတွင်းက အကျဉ်းသားတစ်ဦး ကျန်း မာရေးမကောင်းသည်ကို အ ကြောင်းပြု၍ အဆိုပါလေးဦးက ပုသိမ်အကျဉ်းထောင်အတွင်းရှိ တံခါးများနှင့်ခုံများအား ရိုက်ချိုး ဖျက်ဆီးခြင်း၊ ထောင်ဝန်ထမ်း များအား ထိခိုက်အနာတရ ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ အကျဉ်း ထောင်သော့များအား လုယူခြင်း စသည့် ထောင်အတွင်း ဆူပူမှု ဖြစ်စေရန် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ပြုလုပ်ခဲ့သူအကျဉ်းသား လေးဦးကို ထောင်အာဏာပိုင်များက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၇၊ ၁၄၈၊ ၁၅၂ တို့ဖြင့် ပုသိမ် နယ်မြေရဲစခန်းတွင် အမှုဖွင့်ထား ခဲ့သည်။
အဆိုပါလေးဦးသည် အင်း စိန်ထောင်နှင့် မော်လမြိုင်ထောင် များမှ နှစ်ကြီးအကျဉ်းသားများ ဖြစ်ပြီး ယင်းထောင်များမှ ပုသိမ် ထောင်သို့ ပြောင်းရွှေ့ခံထားသူများ ဖြစ်သည်။ ၎င်းတို့လေးဦးကို လုံခြုံရေးတင်းကျပ်စွာဖြင့် ရုံးထုတ်စစ်ဆေးပြီး လာမည့်ဇန်နဝါရီ ၁၈ ရက်တွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘သူတို့ အမှုရင်ဆိုင်ပြီးရင် အင်းစိန်ထောင်ကို ပြန်လွှဲပြောင်း ပေးဖို့ အထက်က လူကြီးတွေကို တင်ပြမယ်။ အထက်က ညွှန်ကြားချက်ပေါ် မူတည်ပြီးတော့ ပြောင်း ဖို့၊ မပြောင်းဖို့ဆိုတာ အဲဒီတော့မှ ပြောရမှာပါ။ သူတို့ရှိနေလို့ ကျန် အကျဉ်းကျနေတဲ့သူတွေအတွက် အခက်အခဲတွေရှိတာမျိုးတော့ မရှိပါဘူး’’ ဟု အကျဉ်းဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုးက ပြောသည်။
      ပုသိမ်အကျဉ်းထောင်အတွင်း ဆူပူ အကြမ်းဖက်သူ လေးဦးမှာ သန်း ဦး(ခ)မောင်ဦး(ခ)သဲမောင်၊ ကောင်းမြတ်သူ(ခ)ကိုဇေ၊ ဖိုးဇော်(ခ)ဇော်ဇော်နှင့် ဇင်ဖြိုးအောင်တို့ ဖြစ်သည်။
ORIGINAL ARTICLE