Lotayamm

search
မာတိကာ

contents

သတင်းများ

မော်လမြိုင်ရှိ ရဲတပ်ဖွဲ့ဝင်များအား မွန်ဘာသာစကား အခြေခံသင်တန်းပို့ချ

နေ့ရက်:
Jan 12, 2017
7daydaily
မွန်ပြည်နယ် မော် လမြိုင် ခရိုင်တွင် တာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၃၃ ဦးအား မွန်ဘာသာစကားအခြေခံ သင်တန်း တစ်လခန့်သင်ကြားပေး နေကြောင်း မော်လမြိုင်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဒေ သခံ ဘာသာစကားပြော သင် ကြားရန် ညွှန်ကြားချက်ကြောင့် မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့ရှိ ဒုရဲအုပ် ခုနစ်ဦး၊ ရဲတပ်ကြပ် ၂၃ ဦးနှင့် ရဲတပ်သားသုံးဦးတို့ကို ဇန်န၀ါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သင်ကြားပို့ချမည် ဖြစ် သည်။‘‘မော်လမြိုင်ခရိုင် ခြောက် မြို့နယ်ဆိုတော့ တစ်မြို့နယ်ကို ငါးယောက်နှုန်းနဲ့ အရင်သင်ကြား တယ်။ ဒီလိုသင်ကြားတာ မွန်ပြည်နယ်မှာ ပထမဆုံးပါပဲ။ နောက် လည်း သင်ကြားဖို့ရှိတယ်။ တစ် ကြိမ်ကိုသုံးဆယ်ကျော်လောက် ခွဲပြီး သင်ကြားတယ်။ သထုံခရိုင် ဘက်မှာလည်း သင်ကြားဖို့  ရှိတယ်။ စနေ၊ တနင်္ဂနွေကို ပိတ်ရက် ထားတယ်’’ဟု မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး သင်တန်းဌာနခွဲမှ ရဲအုပ်မြင့်အေးက ပြောကြားသည်။
မွန်ဘာသာစကားပြော သင် ကြားနေသည့် ရဲတပ်ဖွဲ့ဝင်များ သည် တစ်နေ့လျှင် ရဲရိက္ခာငွေ ကျပ်တစ်ထောင်ရရှိပြီး နေထိုင် ရေးကို မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ ၀င်ရုံးက တာဝန်ယူထားကြောင်း ရဲအုပ်မြင့်အေးက ဆိုသည်။
 ‘‘ကိုယ်က မြန်မာစကားပဲ ပြောတတ်တော့  မွန်စကားကို ပြောဖို့ တော်တော်သင်ယူရတယ်။ ဆရာတွေတစ်နေ့ကို စကားအလုံးနှစ်ဆယ်သင်ရင် ဆယ်လုံးလောက် ကျွန်တော်တို့မှတ်မိပြီး သင်ကြား နိုင်တယ်’’ဟု မွန်ဘာသာစကား သင်ကြားနေသည့် ကျိုက်မရော မြို့နယ်မှ ဒုတပ်ကြပ်မြင့်ဌေးက ပြောသည်။
  မွန်ဘာသာစကား  ပြော တတ်သည့် သံဖြူဇရပ်မြို့နယ်မှ ရဲအုပ်မင်းဌေးမောင်မောင်၊ ချောင်းဆုံမြို့နယ်မှ ဒုတပ်ကြပ်ကြီးမင်း ကျော်မြတ်မိုးနှင့် ဒုတပ်ကြပ်မင်း စိန်အောင်တို့က ရဲတပ်ဖွဲ့ဝင် ၃၃ ဦးအား အလှည့်ကျသင်ကြားပေး  ခြင်း ဖြစ်သည်။
ORIGINAL ARTICLE