Lotayamm

search
မာတိကာ

contents

သတင်းများ

မကွေးတိုင်းဒေသကြီး ဒီချုပ်ရုံး ဖွင့်လှစ်ရန် မြေနှင့် အဆောက်အအုံ ၀ယ်ယူမည်

နေ့ရက်:
Jan 12, 2017
7daydaily
 မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်လှစ်ရန် မကွေးမြို့ရှိ အဝေး ပြေးကားဝင်းအရှေ့ဘက် ငွေစင် သိန်းသန်း ဟိုတယ်အနီးရှိ ရန် အောင်ရပ်ကွက်တွင် မြေနေရာ ၀ယ်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
လက်ရှိတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် တိုင်းအလုပ်အ မှုဆောင်အဖွဲ့ရုံးကို မကွေးမြို့ မြို့မရပ်ကွက် အိုးဘိုခြောက်လမ်း အိမ်အမှတ် (၃၀) တွင် တစ်လ လျှင် ၂၈၀,၀၀၀ ကျပ်ဖြင့် ငှားရမ်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။
‘‘ပါတီဗဟိုဌာနချုပ်က တိုင်း ရုံးဖွင့်လှစ်နိုင်ဖို့ မြေနေရာရှာဖွေ ဖို့ ညွှန်ကြားပါတယ်။ ဒါကြောင့် ရောင်းချမယ့် မြေနေရာကို ရှာဖွေပြီး ပြန်လည်တင်ပြတာ၊ ၀ယ်ယူဖို့ ခွင့်ပြုချက်လည်း ရရှိပါပြီ။ ဗဟို က ငွေချထားပေးတဲ့ အခါကျရင် ငွေပေးချေသွားမှာပါ’’ဟု မြေနေ ရာရှာဖွေရေးကော်မတီအဖွဲ့နှင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းနိုင်က ပြောသည်။
မကွေးတိုင်းပါတီရုံးဖွင့်လှစ် ရန် ၀ယ်ယူမည့် မြေနေရာသည် မျက်နှာစာအကျယ်ပေ ၄၀၊ အလျားပေ ၆၀ ခန့်ရှိပြီး ယင်းမြေ ပေါ်တွင် တစ်ထပ်အာစီအမျိုးအ စားတိုက်အဆောက်အအုံတစ် လုံးလည်း ပါဝင်ကြောင်း ကော်မ တီတာဝန်ရှိသူက ပြောသည်။
ယင်းမြေနေရာနှင့် အ ဆောက်အအုံအတွက် ကျပ်သိန်း ၆၈၀ ဖြင့် ၀ယ်ယူရန် သဘောတူ ညီထားပြီး ပါတီဗဟိုမှ ငွေလွှဲ ရောက်ရှိလာပါက ငွေပေးချေ မည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပြည်နယ်နှင့် တိုင်း များတွင် ပါတီပိုင်ရုံးမြေနေရာ များ ၀ယ်ယူရန် လက်ရှိရွေး ကောက်ပွဲ အောင်နိုင်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၏ လစာများထဲမှ ပါတီရန်ပုံငွေအ ဖြစ် လှူဒါန်းစေခြင်းဖြစ်သည်။
ORIGINAL ARTICLE