Lotayamm

search
မာတိကာ

contents

သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ အတွင်း မီးလောင်မှုများကြောင့် ကျပ်သိန်းတစ်ထောင်ကျော်ဖိုး ဆုံးရှုံး

နေ့ရက်:
Jan 12, 2017
7daydaily
 စစ်ကိုင်းတိုင်းဒေသကြီး တွင် ၂၀၁၆ အတွင်း မီးလောင်မှု အကြိမ်ပေါင်း ၁၈၀ ဖြစ်ပွားပြီး ကျပ်သိန်း ၁,၃၀၀ ကျော် ဆုံးရှုံးခဲ့ ကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနရုံးမှ သတင်းရရှိသည်။
၂၀၁၅ အတွင်း မီးလောင်မှု ပေါင်း ၁၃၇ ကြိမ်ဖြစ်ပွားပြီး ငွေ ကျပ်သိန်း ၈၀၀ ကျော် ဆုံးရှုံးခဲ့ သည်။ ၂၀၁၆ တွင် မီးလောင်မှု ကြိမ်ရေ ၁၈၀ ဖြစ်ပွားခဲ့ပြီး ကျပ် ၁၃၅,၄၆၀,၂၀၀ ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှူး ဦးမင်းဆန်းအေးက ပြောကြားသည်။‘‘၂၀၁၅ ကထက် မီးလောင် မှု ၄၃ ကြိမ်နဲ့ ငွေကျပ် ၄၅ သန်း (သိန်း ၄၅၀) ဆုံးရှုံးမှုပိုသွားတယ်။ ဒီနှစ် ဆီသယ်ယာဉ်တွေ မီးလောင် မှုဖြစ်တာပိုများလို့ ဆုံးရှုံးမှုပမာဏ ပိုများသွားတယ်။ ပြည်သူတွေ ပေါ့ဆမှုကြောင့် နေအိမ်အ ဆောက်အအုံတွေ ကြီးကြီးမားမား မီးလောင်မှုတွေဖြစ်ပွားတာ မရှိခဲ့ ဘူး။ မီးလောင်မှု (အရေအတွက်) ပိုများလာတာက အရင်တုန်းက သာမန်မီးလောင်မှုတွေကို တရား စွဲတာမရှိဘူး။ သက်ဆိုင်ရာအဖွဲ့ အစည်းတွေက အသိပညာပေး တာလောက်ပဲရှိတယ်။ ဒီနှစ်ပြည် သူတွေ ဥပဒေလေးစားလိုက်နာ စေဖို့ ရည်ရွယ်ပြီး အမှုဖွင့် စစ် ဆေးခဲ့တာတွေ ပိုများလာတယ်’’ ဟု ၎င်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ အတွင်း မီးဖိုမီး ၄၇ ကြိမ်၊ ပေါ့ဆမီး ၅၃ ကြိမ်၊ လျှပ်စစ်မီး ၃၆ ကြိမ်၊ ရှို့မီး ၃၃ ကြိမ်၊ အလို အလျောက်မီး ခုနစ်ကြိမ်၊ တော မီး နှစ်ကြိမ်၊ မိုးကြိုးမီး နှစ်ကြိမ် စု စုပေါင်း မီးလောင်မှု အကြိမ်ရေ ၁၈၀ ဖြစ်ပွားခဲ့သည်။
ORIGINAL ARTICLE