Lotayamm

search
မာတိကာ

contents

သတင်းများ

လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဆရာဝန်ဟောင်းတစ်ဦးကို အမျိုးသမီး ၁၈ ဦးက တရားစွဲဆို

နေ့ရက်:
Jan 12, 2017
7daydaily
လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု၊ ကလေးညစ်ညမ်း ဓာတ်ပုံများ စသည့် ပြစ်မှုများဖြင့် တရားစွဲဆိုခံရသော ဆရာဝန် တစ်ဦးကို အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြစ်မှုသုံးခုဖြင့် လူနာ ဟောင်း ၁၈ ဦးက ထပ်မံတရား စွဲလိုက်သည်။

အမေရိကန်ကျွမ်းဘားအဖွဲ့ နှင့် မီချီဂန်တက္ကသိုလ်မှ ဆရာဝန် ဟောင်း လေရီနာဆာသည် ၎င်း တို့အား စစ်ဆေးစဉ်အတွင်း လိင် ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့ သည်ဟု အမျိုးသမီးနှင့် မိန်းက လေး ၁၈ ဦးတို့က တရားစွဲဆိုခဲ့ သည်။




ထို့ပြင် အဆိုပါဆရာဝန်နှင့်ပတ်သက်၍ တိုင်ကြားမှုများ ပြု လုပ်ခဲ့သော်လည်း USA Gym-nastics၊ မီချီဂန်တက္ကသိုလ်နှင့် Twistars USA Gymnastics တို့က ၎င်းကို အရေးယူဆောင် ရွက်ခြင်းမရှိဘဲ နှစ်များစွာကြာ အောင် ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ယင်းအမျိုးသမီးက စွပ်စွဲခဲ့သည်။

မီချီဂန်ပြည်နယ် ကျွမ်းဘား မယ်ဟောင်းတစ်ဦးက လိင်ပိုင်း ဆိုင်ရာ စော်ကားမှုဖြင့် တရားစွဲ ဆိုမှုကို အမှုကြားနာရန် စောင့် ဆိုင်းလျက်ရှိသော နာဆာသည် နိုဝင်ဘာလကတည်းက အကျဉ်း ကျလျက်ရှိသည်။

ထို့ပြင် အမျိုးသမီး ၆၀ ကျော်ကလည်း နာဆာသည် ၎င်းတို့ကို နှစ်များစွာကြာအောင် လိင်ပိုင်း စော်ကားခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ဒီဇင်ဘာက နာဆာ၏ နေ အိမ်ရှိ အမှိုက်ပုံးထဲတွင် ကလေး ညစ်ညမ်းဓာတ်ပုံနှင့် ဗီဒီယို ၃၇,၀၀၀ ကျော် ပါဝင်သော hard drive များကို FBI အဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ပြီး Go Pro ကင်မရာတစ်ခုတွင်လည်း ရေကူးကန်တစ်ခု အတွင်း မိန်းကလေးများအား ၎င်းက လိင်ပိုင်းဆိုင်ရာ စော်ကား မှုများ ပြုလုပ်နေမှုကို တွေ့ရှိရ သည်။

နာဆာသည် လိင်ပိုင်းဆိုင် ရာ စော်ကားမှုပြစ်မှုသုံးခုဖြင့် တ ရားရင်ဆိုင်နေရသော်လည်း ၎င်း သည် လူ့အသိုင်းအ၀ိုင်းကို အန္တ ရာယ်ပေးနိုင်သည့်အတွက် အ ကျဉ်းချထားရန် တရားရုံးက အ မိန့်ချမှတ်ခဲ့သည်။  

—Ref: UPI
ORIGINAL ARTICLE