Lotayamm

search
မာတိကာ

contents

သတင်းများ

ငလျင်ဘေးသင့် ပြန်လည်တည်ဆောက်ရေးအေဂျင်စီ အကြီးအကဲကို နီပေါအစိုးရ ထုတ်ပယ်

နေ့ရက်:
Jan 12, 2017
7daydaily
၂၀၁၅ က ဆိုးရွားသော ငလျင်လှုပ်ခတ်မှုအတွင်း ပျက်စီး သွားသည့် လူနေအိမ်များနှင့် အ ခြား အဆောက်အအုံ တစ်သန်း နီးပါးကို ပြန်လည်ဆောက်လုပ် ရန် တာဝန်ပေးထားသော အေဂျင် စီ အကြီးအကဲကို နီပေါအစိုးရ က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပယ်လိုက်သည်။

ပြန်လည်တည်ဆောက်ရေး အစီအစဉ်များ ကြန့်ကြာနေခြင်း ကြောင့် ဆူရှီလ်ဂျေဝါလီကို အစိုး ရက ရာထူးမှ ဖယ်ရှားလိုက် ကြောင်း ပြန်ကြားရေးဝန်ကြီး ဆူရန်ဒရာကာကီက ပြောသည်။




 ဂျေဝါလီကို ယင်းကဲ့သို့ ကြန့်ကြာမှုများအတွက် ထုချေ လွှာတင်ရန် အခွင့်အရေး နှစ်ကြိမ် ပေးခဲ့သော်လည်း ၎င်း၏ ဖြေရှင်း ချက်များမှာ စိတ်ကျေနပ်စရာ မကောင်းခဲ့ဟု ကာတီက ပြော သည်။

 ယင်းငလျင်လှုပ်ခတ်မှုအ တွင်း နေအိမ်များ ဆုံးရှုံးခဲ့ရသော လူအများအပြားသည် ယာယီအ မိုးအကာများ၌ ဆောင်းရာသီကာ လနှစ်ခုကို ဖြတ်သန်းနေထိုင်ခဲ့ရ သည်။

ယင်းကဲ့သို့ ကြန့်ကြာနေမှု ကြောင့် အစိုးရနှင့် ဂျေဝါလီတို့ နှစ်ဖက်လုံး ဝေဖန်ခံနေရသည်။

နိုင်ငံတော် ပြန်လည်တည် ဆောက်ရေး အာဏာပိုင်အဖွဲ့က အစိုးရခွင့်ပြုထားသည့် ငွေပထမ အသုတ်ကို မိသားစု ၄၅၀,၀၀၀ သို့ ကန်ဒေါ်လာ ၅၀၀ စီ ပေးဝေ ထားသော်လည်း ငလျင်ကြောင့် ပျက်စီးသွားသော ဒေသများရှိဒေသခံများ၏ အချက်အလက် အသေးစိတ်ကိုမူ စုဆောင်းနေဆဲ ဖြစ်သည်ဟု ပြောကြားသည်။

၂၀၁၅ ဧပြီ ၂၅ ရက်က လှုပ် ခတ်ခဲ့သော ငလျင်ကြောင့် လူ ၉,၀၀၀ နီးပါး သေဆုံးခဲ့ပြီး လူအ များအပြားမှာ ယခုအထိ ယာယီ အမိုးအကာများ၌သာ နေထိုင်နေ ကြရသည်။

ပြန်လည်တည်ဆောက်ရေး စီမံကိန်းအတွက် ကန်ဒေါ်လာ ၇ ဒသမ ၈၆ ဘီလီယံ ကုန်ကျမည် ဟု မျှော်လင့်ရပြီး နိုင်ငံခြားအစိုးရ များနှင့် အကူအညီပေးရေး အေ ဂျင်စီများက ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ကူညီမည်ဟု ကတိ ပြုထားသည်။

—Ref: AP
ORIGINAL ARTICLE