Lotayamm

search
မာတိကာ

contents

သတင်းများ

နယ်စပ်တံတိုင်း တည်ဆောက်မှု ကုန်ကျစရိတ် ပေးမည်မဟုတ်ဟု မက္ကဆီကိုအစိုးရပြော

နေ့ရက်:
Jan 12, 2017
7daydaily
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရန့်၏ နယ်စပ်တံတိုင်း တည် ဆောက်မည့် ကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံအနေဖြင့် ပေးမည် မဟုတ်ကြောင်း ဇန်န၀ါရီ ၁၀ ရက် တွင် မကြာသေးမီက ရာထူးခန့် အပ်ခံရသော မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး လူစီဗီဒီဂါရေးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အ တွင်း မက္ကဆီကိုသမ္မတ ပင်ညာနီ ယက်တိုက လူစီဗီဒီဂါရေးအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။




 တံတိုင်းတည်ဆောက်ရန် အမေရိကန်က အကုန်အကျခံ မည်ဖြစ်ပြီး မက္ကဆီကိုနိုင်ငံက ယင်းကုန်ကျစရိတ်ကို နောက်မှ ပြန်ပေးမည်ဖြစ်ကြောင်း ဒေါ်နယ် ထရန့်က ပြီးခဲ့သည့်သီတင်းပတ် အတွင်း ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ တံတိုင်း တည်ဆောက်မှု ကုန်ကျစရိတ်ကို ပေးမှာမဟုတ်ပါဘူး။ အဲဒီတံတိုင်း ဘယ်လောက် ကုန်ကျတယ်ဆို တာ အရေးမကြီးပါဘူး။ ဘယ် က ပိုက်ဆံစိုက်ထုတ်ပြီး ဆောက် တယ်ဆိုတာလည်း အရေးမကြီး ပါဘူး။ ဒါက ဂုဏ်သိက္ခာရှိမှုနဲ့အမျိုးသားအချုပ်အခြာအာဏာ ပါပဲ’’ ဟု ဗီဒီဂါရေးက Televisaနှင့် အင်တာဗျူးတစ်ခုတွင် ပြော သည်။

ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအပါအ၀င် အခြား အကြောင်းများကို ဆွေးနွေးညှိ နှိုင်းနိုင်သော်လည်း ထိုတံတိုင်း တည်ဆောက်မှုကို ဆွေးနွေးမည် မဟုတ်ဟု ၎င်းက ဆက်လက် ပြောသည်။

ဒေါ်နယ်ထရန့်သည် ရွေး ကောက်ပွဲ မဲဆွယ်ရာတွင် တံ တိုင်းတစ်ခု တည်ဆောက်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံက ပေးရမည်ဟု ပြော ကြားခဲ့သည်။

ဒေါ်နယ်ထရန့်နှင့် ပူးတွဲ ကျင်းပသော သတင်းစာရှင်းလင်း ပွဲတွင် သမ္မတပင်ညာနီယက်တို က တံတိုင်းတည်ဆောက်မှုကို လူ သိရှင်ကြား ဆန့်ကျင်ပြောကြား ခြင်း မရှိသည့်အတွက် မက္ကဆီကို နိုင်ငံသားများက ဒေါသထွက်ခဲ့ ကြသည်။     

—Ref: wsj.com
ORIGINAL ARTICLE