Lotayamm

search
မာတိကာ

contents

သတင်းများ

ဆင်းရဲနွမ်းပါးသော ဖိလစ်ပိုင် အမျိုးသမီးများအား အစိုးရက ပဋိသန္ဓေတားဆေး အခမဲ့ထောက်ပံ့မည်

နေ့ရက်:
Jan 12, 2017
7daydaily
 ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီက ဆင်းရဲနွမ်းပါးသော အမျိုးသမီးခြောက်သိန်းအား ပဋိ သန္ဓေတားဆေး အခမဲ့ထောက်ပံ့ သွားရန် အစိုးရအဖွဲ့အစည်းများ ကို ညွှန်ကြားထားသည်ဟု တာ ၀န်ရှိသူများက ဇန်န၀ါရီ ၁၁ ရက် တွင် ပြောသည်။

 စီးပွားရေးစီမံကိန်းဆိုင်ရာ ၀န်ကြီး အာနက်စတိုပါနီယာက ပဋိသန္ဓေတားဆေးများ အလွယ် တကူရရှိမှု မြှင့်တင်ခြင်းနှင့် သား ဆက်ခြားမှု သေချာစေရေးသည် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းအ တွက် အရေးကြီးကြောင်း ပြော သည်။




၂၀၁၅ တွင် ဆင်းရဲနွမ်းပါးမှု နှုန်း ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရှိရာ မှ ဒူတာတီသမ္မတသက်တမ်း ကုန် ဆုံးမည့် ၂၀၂၂ ၌ ၁၄ ရာခိုင်နှုန်း (သို့မဟုတ်) ၁၃ ရာခိုင်နှုန်းအထိ လျှော့ချရန် အစိုးရက ရည်ရွယ် ကြောင်း ၎င်းကပြောသည်။

ဇန်န၀ါရီ ၉ ရက်က ဒူတာ တီ လက်မှတ်ရေးထိုးခဲ့သော ညွှန် ကြားချက်တွင် သားဆက်ခြားရန် အမျိုးသမီးခြောက်သန်းအား ပဋိ သန္ဓေတားဆေး အခမဲ့ထောက်ပံ့ မည်ဖြစ်ပြီး ယင်းအမျိုးသမီး အ ရေအတွက်အနက် နှစ်သန်းကို ဆင်းရဲနွမ်းပါးကြောင်း သတ်မှတ် ထားသည်။

၂၀၁၈ တွင် ထိုအမျိုးသမီး နှစ်သန်းအား ပဋိသန္ဓေတားဆေး ထောက်ပံ့ပြီးနောက် ကျန်ရှိသော အမျိုးသမီးများအား ဆက်လက် ထောက်ပံ့မည်ဖြစ်ကြောင်း ထို ညွှန်ကြားချက်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် လွန်ခဲ့ သော နှစ် ၂၀ ကျော်တွင် ဆယ် ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း အရေအတွက် မြင့်တက်ခဲ့သော အာရှပစိဖိတ် တစ်နိုင်ငံဖြစ်ခဲ့ ကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က ပြီးခဲ့သည့်နှစ်အ တွင်း ပြောကြားခဲ့သည်။

၂၀၁၅ က ပဋိသန္ဓေတား ဆေးများသည် ကိုယ်ဝန်ပျက်ကျ ခြင်းကို ဖြစ်စေသည်ဟု ရှုမြင် သော ကိုယ်ဝန်ဖျက်ချခြင်း ဆန့် ကျင်သောအဖွဲ့များက တရားရုံး သို့ လျှောက်လဲပြီးနောက် အမြင့် ဆုံးတရားရုံးက ကျန်းမာရေး ဥပဒေပါ ပုဒ်မအချို့ကို ယာယီ တားမြစ်ရန် အမိန့်ထုတ်ပြန်ခဲ့ သည်။

ထိုတရားရုံးက ပဋိသန္ဓေ တားရေးပစ္စည်းများ ဖြန့်ချိခြင်းကို တားမြစ်ခဲ့ပြီး ပဋိသန္ဓေတားဆေး များအတွက် လိုင်စင်သက်တမ်း တိုးရန် ဆိုင်းငံ့ခဲ့သည်။

သို့သော် ဒူတာတီ၏ သန္ဓေ တားဆေး အခမဲ့ပေးမည့် အစီအ စဉ်ကို ရိုမန်ကက်သလစ်ဘုရား ကျောင်းက ဆန့်ကျင်မည်ဟု မျှော် လင့်ရသည်။          

—Ref: AP
ORIGINAL ARTICLE