Lotayamm

search
မာတိကာ

contents

သတင်းများ

ရေကြီးမှုကြောင့် နွံဖုံးခဲ့သည့် အောင်မြင်သာ ကျေးရွာ၌ ကျပ် သန်း ၁ဝဝဝ ကျော် အကုန်ခံ၍ မြေထိန်းနံရံ တည်ဆောက်မည်

နေ့ရက်:
Jan 11, 2017
yangonmedia
''လက်ရှိမှာ ကျောက်စီနံရံ တည်ဆောက်ဖို့ တိုင်းတာမှုတွေ ဆောင်ရွက်နေပါတယ်။ လာမယ့်ခြောက်သွေ့ရာသီမှာ စတင် အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ အခုတော့ စက်ယန္တရားကြီးတွေနဲ့ ပြန်ဖော်ပြီးဖြစ်ပါ တယ်။ နောက်ထပ်နွံဖုံးရေကြီးမှု၊ ရေတိုက်စားမှု ကာကွယ်ရေးအစီအစဉ်တစ်ရပ်ဖြစ်ပါတယ်''ဟု ၎င်းကဆက်လက်ပြောကြားသည်။ အောင်မြင်သာ ရွာရေကြီးရေလျှံမှု ရေတိုက်စားမှု အကာအကွယ်အဖြစ် ဆောင်ရွက် မည့် မြေထိန်းနံရံမှာအလျား မီတာ ၄၅ဝဝ ကို သောင် တူးဆောင်ရွက်ပြီး၊ ယင်းအပေါ်မှ အလျားပေ ၂ဝဝဝရှိ မြေထိန်းကျောက် စီနံရံဆောက်လုပ်မည်ဖြစ်သည်။ အဆိုပါဒေသ၌သွားလာဆက်သွယ်ရေးအတွက် လို အပ်နေသည့် လမ်းတံတားပြုပြင်မှုများကို ကလေး ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ ဦးဆောင် ဆောင်ရွက်ပေးလျက်ရှိသည်။
MOS
#democracytoday
ORIGINAL ARTICLE