Lotayamm

search
မာတိကာ

contents

သတင်းများ

ဆီးရီးယားရှိ အဓိက သဘာဝဓာတ်ငွေ့ စက်ရုံကို IS များ ဖောက်ခွဲ ဖျက်ဆီး

နေ့ရက်:
Jan 11, 2017
yangonmedia
''IS တွေဟာ ဟွမ်းမြို့အရှေ့ ဘက်က ဟေယန်သဘာဝဓာတ်ငွေ့ စက်ရုံကို လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းက ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြတယ်''ဟူ၍ ဆီးရီးယားပြည်တွင်းစစ်အရေး စောင့်ကြည့်နေသော ယင်းအဖွဲ့ က ပြော ဆိုလိုက်သည်။ အဆိုပါသတင်း မှန်ကန်ကြောင်းကိုလည်း ဆီးရီးယား ရေနံဝန်ကြီးဌာနက အေအက်ဖ်ပီသို့ အတည်ပြုပြောဆိုလိုက်သည်။ ယင်းဓာတ်ငွေ့စက်ရုံသည် ပါမီယာဗဟိုဒေသသို့ ဘာသာရေး အစွန်းရောက် များက သိမ်းပိုက်လာခဲ့ပြီးနောက် လွန်ခဲ့သောတစ်လအကြာကပင် ထုတ်လုပ်မှုရပ်ဆိုင်းထားသော စက်ရုံဖြစ်သည်။
စက်ရုံအား ဗုံးများ ဝိုင်းပတ်တပ်ဆင်ကာ ဖောက်ခွဲခဲ့လိုက်ခြင်းဖြစ်သည်။ ယင်းသဘာဝဓာတ်ငွေ့သုံး စွမ်းအင်စက်ရုံသည် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ၃ ဒသမ ၇ သန်း ကုဗမီတာ ထုတ်လုပ်နိုင်ကာ ဆီးရီး ယားနိုင် ငံအဝန်း သုံးပုံတစ်ပုံဒေသသို့ လျှပ်စစ်ပို့လွှတ်ရာနေရာ အနည်းငယ်အနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု ဘာသာရေးအစွန်းရောက်များ၏ စီးပွားရေးရာ အပတ်စဉ်ထုတ် ဂျာနယ်ယာဇီဂီက ရေးသားဖော်ပြလိုက်သည်။ ၂ဝ၁၄ ခုနှစ်မှစကာ IS အကြမ်းဖက်များသည် နိုင်ငံအရှေ့ ပိုင်းနှင့် အလယ်ပိုင်းဒေသများရှိများ စွာသောသဘာဝဓာတ်ငွေ့နှင့် ရေနံတွင်းများရှိရာဒေသအား သိမ်းပိုက်ထားပြီးဖြစ်ကြသည်။
 
ဘာသာရေး အစွန်းရောက်များကြီးကြပ်ကာ လည်ပတ်ရသော ရေနံတွင်းများအား အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်များက လေကြောင်းမှ တိုက်ခိုက်ဗုံးကြဲခဲ့ကြသည်။ ''ဆီးရီးယားမှာ စစ်ရယ်လို့ စဖြစ်လာက တည်းက အရင်းအနှီးကြီးမားစွာနဲ့ထုတ်လုပ်ပြီး အရေးကြီးသော စက်ရုံများ၂ဝ၁၁ ခုနှစ် မတ်လမှ စတင်ကာ တစ်ခုပြီးတစ်ခု ဖျက်ဆီးတိုက်ခိုက်ခံနေရသည်''ဟု အဆိုပါ ဂျာနယ်ကြီးက ဖော်ပြလိုက်သည်။
Ref : AFP
#democracytoday
ORIGINAL ARTICLE