Lotayamm

search
မာတိကာ

contents

သတင်းများ

တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် ဇန်နဝါရီ ၁ ရက်မှ ၈ ရက်အထိ ခါးပတ် မပတ်သည့် ယာဉ်မောင်း ၆၃၉ ဦးကို စစ်ဆေး အရေးယူ

နေ့ရက်:
Jan 11, 2017
yangonmedia
အဆိုပါ သတ်မှတ်ချက်များအရ တိုင်းဒေသကြီး ပြည်နယ်များအလိုက် ဇန်နဝါရီ ၁ ရက်မှ ၈ ရက်အထိ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲများမှ အသက်ကယ်ခါးပတ်ဝတ်ဆင်မောင်း နှင်မှုမရှိသည့် ယာဉ်မောင်းများအား အရေး ယူဆောင်ရွက်မှု စာရင်းများအရ စုစုပေါင်းယာဉ်မောင်း ၆၃၉ ဦး အား စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး(နေပြည်တော်)မှ သိရသည်။ ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အရေးယူခံရသည့် အသက်ကယ်ခါးပတ်ဝတ်ဆင်မောင်း နှင်မှုမရှိသည့် ယာဉ်မောင်းများမှာ မကွေးတိုင်းဒေသကြီးမှ ၂ဝ ဦး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်မှ ၁၅၄ ဦး၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှ ၁၂၈ ဦး၊ရန် ကုန်တောင်ပိုင်းခရိုင်မှ ငါးဦး၊ ရန်ကုန်မြောက်ပိုင်းခရိုင်မှ ၁၇၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ငါးဦး၊ မွန် ပြည်နယ်မှ ၄ဝ၊ ဧရာဝတီတိုင်းဒေသကြီးမှ ၅ဝ၊ မန္တလေးတိုင်းဒေသကြီးမှ ၆၁ ဦး၊ ရှမ်းပြည်နယ်မြောက် ပိုင်းမှ တစ်ဦး စုစုပေါင်း ယာဉ်မောင်း ၆၃၉ ဦးအား စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး(နေပြည်တော်)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး )ဥက္ကဋ္ဌဦးဝင်းဆွေက ''ကျွန်တော်တို့က ဘယ်လောက်ထိလုပ် ပေးထားသလဲဆိုတော့ မော်တော် ယာဉ်လိုင်းမထွက်ခင်မှာ အသက်ကယ်ခါးပတ်ပတ်ဖို့ပြောတယ်။ အသက်ကယ်ခါးပတ်ပတ်မှ မော်တော် ယာဉ်ကိုထွက်ခိုင်းတယ်။ အသက်ကယ်ခါးပတ်မပတ်ရင် မော်တော်ယာဉ်ကို ထွက်ခွင့်မပြုဘူး။ မော်တော် ယာဉ်မောင်း ထိုင်ခုံခါးပတ်နဲ့လိုက်  ပါစီးနင်းသူအားလုံး သက်ကယ်ထိုင် ခုံခါးပတ် မပတ်ဘဲစီးနင်းမှုများကို စစ်ဆေးအရေးယူမှုကတော့ ရှောင်တခင်စစ်ဆေးအရေးယူမှုတွေရှိသလို အဝေးပြေးလမ်း တိုးဂိတ်တွေမှာ လည်း စစ်ဆေးမှုတွေလုပ်တယ်''ဟု ၎င်းကဆက်ပြောသည်။    
MO
#democracytoday
ORIGINAL ARTICLE