Lotayamm

search
မာတိကာ

contents

သတင်းများ

မြန်မာနိုင်ငံတွင် ပထမဆုံးသော ပင်လယ်ပြင်ကို မျက်နှာမူထားသည့် ခေတ်မီ Sea View Condo မြိတ်မြို့ ၌ တည်ဆောက်

နေ့ရက်:
Jan 11, 2017
yangonmedia
အဆိုပါ Sea View Condo သည် မြန်မာနိုင်ငံတွင် ပထမဆုံး သော ပင်လယ်နှင့် နီးစပ်သည့် အဆင့် မြင့်လူနေအိမ်ခန်းများ၊ စားသောက် ဆိုင်ခန်းများ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေအနားယူရန်နေရာများပါရှိ သော စီမံကိန်းတစ်ခုဖြစ်သည်။ ''Sea View Condo စီမံကိန်းက မြိတ်မြို့ကမ်းနားလမ်းမှာတည်ရှိ ပြီး စီမံကိန်းစုစုပေါင်းအကျယ်အဝန်းက ၂၈ ဧကရှိကာ ပထမကာလအ ကောင်အထည်ဖော်မယ့် မြေအကျယ်အဝန်းက ၁၁ ဒသမ ၈ ဧကကျယ် ဝန်းပါတယ်။ အဆောက်အအုံတွေ ကတော့ အထပ်မြင့်အဆောက်အအုံက ၁၂ လုံးဖြစ်ပြီး အနိမ့်ဆုံးက ၂၂ ထပ်နဲ့ အမြင့်ဆုံးက ၃၂ ထပ်အထိဖြစ်ပါတယ်။ ပေ ၃ဝဝ ကျော် အထိ မြင့်မားတဲ့ အဆောက်အအုံ ဒီဇိုင်းတွေနဲ့ အခန်းပေါင်း ၂၅ဝဝ ကျော်ရှိပါတယ်''ဟု စီမံကိန်းတာဝန် ခံဦးထွန်းထွန်းက ဇန်နဝါရီ ၈ ရက် တွင် ပြောကြားသည်။
အဆိုပါ ကွန်ဒို ၁၂ လုံး၏ တည်ဆောက်မှုစီမံကိန်းကာလမှာ သုံးနှစ်မှ ငါးနှစ်အတွင်းဖြစ်ပြီး စီမံကိန်းတွင် ခေတ်မီအားကစားခန်းမ၊ ရေကူးကန်၊ ဆေးခန်း၊ ဘဏ်လုပ်ငန်းများ၊ ဖူဆယ်ဘောလုံးကွင်း၊ ကလေးကစား ကွင်း၊ လမ်းလျှောက် ဈေးများပါ ပါဝင်မည်ဖြစ်သည်။ တိုက်ခန်းများကို အရစ်ကျစနစ်  ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး ဈေး နှုန်းအနေဖြင့် တစ်ခန်းလျှင် အကြမ်းထည်ငွေကျပ်သိန်း ၈ဝဝ မှကျပ်သိန်း  ၄ဝဝဝ ထိ အမျိုး အစားအလိုက် ခွဲထားကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က ရင်းနှီးမြှုပ်နှံ၍ South Asia International Investment Group Co., Ltd တို့မှ နိုင်ငံ တကာ အတွေ့အကြုံ ရှိသော ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များမှ တာဝန်ယူကာ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ 
DMT
#democracytoday
ORIGINAL ARTICLE