Lotayamm

search
မာတိကာ

contents

သတင်းများ

ဦးမျိုးရန်နောင်သိန်း အာမခံရရေး ထပ်မံ လျှောက်ထားဟု ရှေ့နေ ဆို

နေ့ရက်:
Jan 11, 2017
yangonmedia
ကမာရွတ်မြို့နယ် တရားရုံးတွင် ဦးမျိုးရန်နောင်သိန်းအမှုနှင့် ပတ်သက်ပြီး တရားလိုပြ သက်သေနှစ်ဦးဖြစ်သည့် လှိုင်မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်စိုးမော်နှင့် င်မြို့နယ် (၇)ရပ်ကွက်မှ ရှာဖွေသက်သေ အရပ်သား တစ်ဦးတို့ကို ဇန်နဝါရီ ၁ဝ ရက်က စစ်ဆေးခဲ့ပြီးနောက် ဦးမျိုးရန်နောင်သိန်းအား အချုပ်လွတ် အာမခံရရှိရေးအတွက် ထပ်မံလျှောက်ထားခဲ့သည်။ ''အခုအာမခံထပ်လျှောက်ထားပါတယ်။ နောက်တစ်ပတ်ရုံးချိန်း မှာတော့ အာမခံရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ရရှိမယ့်အလား အလာများမယ်လို့ထင်ပါတယ်''ဟု ဦးကျော်ဟိုးက ပြောသည်။ တရားရုံးတွင် အဆိုပါအာမခံ ထပ်မံလျှောက်ထားမှုနှင့် ပတ်သက်ပြီး အစိုးရရှေ့နေ ဘက်မှ ကန့်ကွက်ထားကြောင်းလည်း သိရသည်။
''အစိုးရရှေ့နေဘက်က ကန့်ကွက်ထားတယ်။ ထူးခြားတဲ့အခြေအနေရှိမှ ပေးသင့်တယ်လို့ပြောတယ်''ဟု ၎င်းကဆက်လက်ပြောသည်။ ယင်းအမှု၏ နောက်တစ်ပတ်ရုံးချိန်းကို ဇန်နဝါရီ ၁၇ ရက်သို့ ထပ်မံချိန်းဆို ထားပြီး ယင်းနေ့တွင်ကျန်ရှိ နေသော တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးမည်ဖြစ်သလို အာမခံထပ်မံလျှောက်ထားမှုကိုလည်း အမိန့်ချမည်ဖြစ်သည်။ အမှုမှာအောက်တိုဘာ ၃၁ ရက် ညနေပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အား ဂုဏ်သိက္ခာကျဆင်းစေသော စာသားများအား လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သူဟု ဆိုပြီး ဦးမျိုးရန်နောင်သိန်းအား အရေးယူပေးရန် လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဦးမျိုးရန်နောင်သိန်း အားဖမ်းဆီးပြီး တရားစွဲတင်ခဲ့၍အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
KMO
#democracytoday
ORIGINAL ARTICLE