Lotayamm

search
မာတိကာ

contents

သတင်းများ

နမ့်ဆန် မြို့တွင်းသို့ TNLA ယူနီဖောင်းဝတ် လက်နက်ကိုင်များ ဝင်ရောက် လာခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်

နေ့ရက်:
Jan 11, 2017
yangonmedia
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''နမ့်ဆန်မြို့အတွင်းကို ဇန်နဝါရီ ၁ဝ ရက် နေ့လည်ပိုင်းက တအာင်းလက်နက်ကိုင် TNLA အဖွဲ့ဝင်လာတယ်လို့သတင်းရတာနဲ့တစ်ပြိုင်နက် မြို့တွင်းလုံခြုံရေးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ပစ်ခတ်မှုတွေကတော့ ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။ တပ်မတော်အနေနဲ့လည်း နယ် မြေရှင်းလင်းရေးဆောင်ရွက်တာ တွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်''ဟုပြောသည်။ နမ့်ဆန်မြို့တွင်နေထိုင်သော ပညာရေးဝန်ထမ်းတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ နမ့်ဆန်မြို့အတွင်း ထိတွေ့မှုတစ်စုံတစ်ရာမရှိသေး သော်လည်း မြို့အနီးတစ်ဝိုက်တွင်လက်နက်ကြီး၊ လက် နက်ငယ်ပစ် ခတ်သံများ ကြားသိနေရကြောင်း၊ မြို့အတွင်းရှိ စာသင်ကျောင်းများ ပိတ်ထားရသည်။ ဈေးဆိုင်များနှင့် ကုန်စုံဆိုင်အချို့လည်းပိတ်ထားကာ အခြေအနေကို စောင့်ကြည့်နေကြ ကြောင်းပြောသည်။
နမ့်ဆန်မြို့တွင်နေထိုင်သော အခြားအစိုးရဝန်ထမ်းတစ်ဦးက ''ဒီ နေ့မနက် ၁ဝ နာရီခွဲလောက်က ကျွန်တော်တို့ ဇရမ်းကြီးရပ်ကွက်မှာ ရောက်နေတုန်း ကျွန်တော့်ရှေ့ကနေ ပလောင်စစ်သားတွေက လက်နက် အပြည့် အစုံပါပြီး ကားနှစ်စီးလောက် ဖြတ်သွားတယ်။ ကျွန်တော်တို့လည်း ချက်ခြင်း မြို့ထဲပြန်လာခဲ့တော့ အဲဒီပလောင်အဖွဲ့ကို မြို့အစွန်မှာနေရာ ယူထားတာကို တွေ့လိုက်ရတယ်။ ရုတ်ရုတ်သဲသဲဖြစ်သွား ပြီး ကျောင်း တက်နေတဲ့ ကလေးတွေကို မိဘတွေကအိမ်ပြန် ခေါ်ကြတယ်။ ကျောင်းတွေကိုလည်း ချက်ချင်းပိတ်လိုက်ကြတယ်။ ဈေးဆိုင် တွေလည်းပိတ်သူပိတ်နဲ့ မြို့ကတစ်ခါ တည်းငြိမ်သွားတာပဲ။ ကျွန်တော်လည်း အခု အိမ်ပြန် ပြီး အခြေအနေစောင့် နားထောင်နေပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ မွန်းလွဲပိုင်းကပြောသည်။
CYH, KMZ
#democracytoday
ORIGINAL ARTICLE