Lotayamm

search
မာတိကာ

contents

သတင်းများ

တနင်္သာရီ မောတောင် ဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် လမ်း တံတားများနှင့် နေအိမ်များ ပျက်စီး ဆုံးရှုံး

နေ့ရက်:
Jan 11, 2017
yangonmedia
ဦးထွန်းမင်းနိုင်က ''တနင်္သာရီမြို့နယ် မောတောင်ဒေသအမှတ် (၉)ရပ်ကွက်အထိ တောင်ကျချောင်း ရေများစီးဆင်းပြီး လူနေအိမ်များနဲ့ လမ်းတံတားအချို့ပျက်စီးမှုရှိခဲ့ပါတယ်။ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမှတ်(၉)ရပ်ကွက်ရှိ လူ နေအိမ်လေးလုံးပျက်စီးခဲ့ပါတယ်။ ရေဘေးသင့်အိမ်ထောင်စု ၁၁ စု ကိုလည်း အမှတ်(၈)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းမှာ ကယ်ဆယ် ရေးစခန်းဖွင့်ပေးထားပါတယ်''ဟု ပြောသည်။ အဆိုပါရေဘေးကြောင့် အိမ် ထောင်စု ၁၁ စုမှ လူဦးရေ ၅ဝ တို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းများ သို့ရောက်ရှိနေကြောင်းသိရသည်။ မောတောင်ဒေသခံ ကိုဝေယံကျော်က ''မိုးကတော့ ဇန်နဝါရီ ၆ ရက်က နေပြီး ၁ဝ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနေတာဖြစ်ပါတယ်။ မောတောင်ဒေသမှာ အခုလိုမျိုးမိုးကြီးတာ တစ်ခါမှမရှိသေးဘူး။ အခုတစ်ခါက မိုးဆက်တိုက်ရွာသွန်းတာ ကြောင့် တောင်ကျရေနဲ့အတူ အမှတ် (၉)ရက် ကွက်အထိ ရေစီးကြောင့်လမ်းတံတားနဲ့ လူနေအိမ်တွေပျက်စီးသွားတယ်''ဟု ပြောသည်။
တောင်ကျရေသည် ကနဦးတွင် ရှစ်ပေအထိမြင့်တက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ငါးလေးလောက်ပြန် ကြသွားပြီး လမ်း၊ တံတားများပျက်စီး နေသည်များကို ပြန်လည်ပြင်ဆင်နေပြီး လတ်တလောတွင် လမ်းပန်း ဆက် သွယ်ရေးမှာ ခရီးသည်ကားများ ဖြတ်သန်းသွားလာလို့မရသေးသည့်အတွက် အမြန်ဆုံးခရီးသည်ကားများကို သွားလာနိုင်အောင်ပြုပြင် နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၏အဆိုအရ သိရသည်။ ယင်းနှင့်ပတ်သက်ပြီး တနင်္သာရီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ''ဌာနအနေနဲ့ ဒီနေ့ကယ်ဆယ်ရေး ပစ္စည်းတွေ ဒီနေ့ပို့လိုက်ပါပြီး။ စုစု ပေါင်းအိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅ဝ ရှိပါတယ်''ဟု အတည်ပြုပြော သည်။
DMT(M), AA
#democracytoday
ORIGINAL ARTICLE