Lotayamm

search
မာတိကာ

contents

သတင်းများ

တာချီလိတ် မြို့နယ်တွင် ရွှေ ခိုးတူးနေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး ရမိ

နေ့ရက်:
Jan 11, 2017
yangonmedia
အဆိုပါဒေသတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ရွှေတွင်းများ တူးဖော်ထားသည်ကိုတွေ့ရှိရသဖြင့် သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးပေးရန် အကြောင်းကြားခဲ့သဖြင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးဌာန၊ မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး၊ မိုင်းကိုးကျေးရွာအုပ်စု ပြည်သူ့စစ်အဖွဲ့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းရှင်များ ကော်မတီအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က သွား ရောက်စစ်ဆေးရာ တာချီလိတ်မြို့မှ ကျော်စိန်(ခ)တွမ်ရင်ဟူက မန်နေဂျာအဖြစ်ဦးဆောင်၍ တရားမဝင်အလုပ် လုပ်နေသည့် တရုတ်နိုင်ငံသားများ နှင့်အတူ တရုတ်မီးစက်လေးလုံး၊ ဒိုဇာယာဉ် တစ်စီး၊ ဘက်ဟိုးသုံးစီး၊ မြေသယ် ၁ဝ ဘီးယာဉ်သုံးစီး၊ ဒီဇယ်ပီပါ ၁ဝ လုံးနှင့်အတူ ရွှေတူးဖော်ထားသည့်အနေအထားများကို စစ် ဆေးတွေ့ရှိခဲ့သည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံ သားရှစ်ဦးမှာ တရုတ်နိုင်ငံ ဟူနန်ပြည် နယ်မှဖြစ်ပြီး ရွှေတွင်းလုပ်သားလုပ်ကိုင် နေသည့် မြန်မာနိုင်ငံသား ၂ဝ အနက် အမျိုးသမီးတစ်ဦးမှာ ဖမ်းဆီးစဉ် ထွက်ပြေးတိမ်းရှောင်သွားသည်။လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဦးစီးလုပ်ကိုင်သူ ကျော်စိန်(ခ) တွမ်ရင်ဟူအပါအဝင် ရွှေတွင်းလုပ်သားများဖြစ်သည့် တရုတ်နိုင်ငံသား ရှစ်ဦးနှင့် မြန်မာနိုင်ငံသား ၂ဝ တို့အား တာချီလိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်း ထားပြီး အမှုဖွင့်လှစ်အရေး ယူရန် ဆောင်ရွက်နေကြောင်း သိရ သည်။
Tachileik News Agency
ORIGINAL ARTICLE