Lotayamm

search
မာတိကာ

contents

သတင်းများ

ရုပ်ရှင်အကြိုခံစားခြင်း

နေ့ရက်:
Jan 11, 2017
7daydaily
-ဒီနေ့တော့ ကိုရီးယားရုပ်သံဇာတ် လမ်းတွဲလေးအကြိုခံစားကြည့်ရ အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။ ဂျပန် စာရေးဆရာမ မိ ယုကိရဲ့ နာမည်တူအတိုင်း ထွက် ရှိထားတဲ့ ၀တ္ထုကို ရိုက်ကူးထား တာဖြစ်ပြီး JTBC နဲ့ KST ရုပ်သံ လိုင်းတွေကနေ ပြသနေကာ အ ပိုင်း (၁၂) ပိုင်း ရှိတယ်လို့ သိရပါ တယ်။
အထက်တန်းလွှာအများစု တက်တဲ့ အထက်တန်းကျောင်း တစ်ကျောင်းက ကျောင်းသားတစ် ယောက် ခရစ္စမတ်နေ့မှာ ကျောင်း ဆောင်ပေါ်ကနေ ပြုတ်ကျသေ ဆုံးမှုဖြစ်ခဲ့ပါတယ်။ ရဲတွေရောက် လာချိန်မှာတော့ ကျောင်းသား သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် အ ဆုံးစီရင်မှုအဖြစ် ကျောင်းကပြင် ဆင်ထားခဲ့ပေမယ့် ကျောင်းသား တစ်ယောက်ကတော့ လူသတ်မှု ဖြစ်ကြောင်း မျက်မြင်တွေ့တယ် လို့ ထွက်ဆိုခဲ့ပါတယ်။
အဲဒီလိုပြောပြီး မကြာခင်မှာ ပဲ မျက်မြင်သက်သေကျောင်းသား ယာဉ်တိုက်မှုဖြစ်ခဲ့ပါတော့တယ်။ နောက်ပြီး ကျောင်းက ကျောင်း သားတွေ အကုန်လုံးလည်း သူတို့ သူငယ်ချင်းသေဆုံးမှုနဲ့ပတ်သက် ပြီး စိတ်ဂနာမငြိမ်တွေဖြစ်၊ အိပ် မပျော်ဘဲ စိုးရိမ်ပူပန်မှုတွေဖြစ်ခဲ့ ပါတယ်။
ကျောင်းသားသေဆုံးမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေက မီးခိုး ကြွက်လျှောက်လိုက်နေသလို အ နီးပတ်ဝန်းကျင်က လူကြီးတွေက လည်း သူတို့ လျှောက်လဲချက် တွေ၊ မေးခွန်းတွေကို အလေးမ ထားတဲ့အဆုံး ကျောင်းသားအဖွဲ့ တွေဟာ လူသေမှုနောက်ကွယ်က အဖြစ်မှန်ကို ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါ တော့တယ်။
အတန်းခေါင်းဆောင်လည်း ဖြစ်သလို မတရားမှုမှန်သမျှကို လက်မခံတဲ့ ကျောင်းသူလေး ဂို ဆိုယွန်းဟာ အမှုမှန် ပေါ်ပေါက်ဖို့ အတွက် တရားရင်ဆိုင်ဖော်ထုတ် တဲ့အခါမှာ ဘယ်လိုအခက်အခဲ တွေကြုံရမှာလဲ။ ကျောင်းသားသေဆုံးမှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရင်ဖိုရင်းကြည့်လိုက်ပါဦးနော်။
ဒီဇာတ်ကားမှာ ကင်ဟွန်းဆို၊ ဂျန်ဒေါင်ယွန်း၊ ဆိုဂျီဟွန်း၊ ဆိုယောင်ဂျူး၊ ချိုဂျယ်ဟွန်းနဲ့အတူ သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။
ORIGINAL ARTICLE