Lotayamm

search
မာတိကာ

contents

သတင်းများ

သက်ဆိုင်ရာ တိုက်တွန်းမှုကြောင့် မောင်တောတွင် ဘင်္ဂါလီမိသားစုဝင်ကလေးအချို့ ကာကွယ်ဆေးလာရောက်ထိုးနှံ

နေ့ရက်:
Jan 11, 2017
7daydaily
မောင်တောနယ်စပ် ဒေသအတွင်းရှိ ကလေးငယ်များ ကို ကာကွယ်ဆေးထိုးနှံကြရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနက ကျေးရွာတာဝန်ရှိသူများကို တိုက် တွန်းပြောကြားပြီးနောက် ဘင်္ဂါလီ မိသားစုဝင်အချို့ ကာကွယ်ဆေး ထိုးနှံလာကြကြောင်း သတင်းရရှိ သည်။ကလေးငယ်များ ကာကွယ် ဆေးမထိုးနှံပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ဆိုးကျိုးများကို မောင်တောမြို့ နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးနှင့် မြို့နယ်ကျန်းမာ ရေးမှူးများက ဇန်န၀ါရီ ၇ ရက် တွင် ကျေးရွာတာဝန်ရှိသူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများ ဆောင်ရွက်နေသည့် အိုင်အန်ဂျီအိုအဖွဲ့ တာဝန်ရှိသူ များအား ကလေး ကာကွယ်ဆေး ထိုးနှံရန် မိဘများကို တိုက်တွန်း ရန် ပြောကြားခဲ့ပြီးနောက် ကလေး ငယ်အချို့ ကာကွယ်ဆေးထိုးနှံ လာကြခြင်းဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးမှူး ဦးမောင်အေးသာ က ပြောသည်။


‘‘ဇန်န၀ါရီ ၇ ရက်က ကျေး ရွာအုပ်စု တာဝန်ခံတွေ၊ ကျန်းမာ ရေးလုပ်သားတွေနဲ့ အိုင်အန်ဂျီအို က တာဝန်ရှိသူတွေကို ခေါ်ပြီး တော့ ကာကွယ်ဆေးထိုးဖို့ တိုက် တွန်းပေးဖို့ ပြောပါတယ်။ နောက် တစ်နေ့ (ဇန်န၀ါရီ ၈ ရက်)မှာပဲ ဘင်္ဂါလီမိသားစုဝင်အချို့ ကာ ကွယ်ဆေးတွေ လာထိုးကြပါ တယ်’’ဟု ၎င်းက ပြောသည်။

မောင်တောနယ်စပ်ဒေသ တွင် ကလေးငယ်များ ကာကွယ် ဆေးထိုးရန် အသိပညာပေးမှုများ ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့် အိုင်အင်န်ဂျီအိုအဖွဲ့အစည်း များက ကျေးရွာများထိ ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ORIGINAL ARTICLE