Lotayamm

search
မာတိကာ

contents

သတင်းများ

လုံခြုံရေးကြောင့် ငါးဖမ်းလှေများ ပင်လယ်ပြင်မထွက်၍ မောင်တောတွင် ငါးရှားနေ

နေ့ရက်:
Jan 11, 2017
7daydaily
 အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပွားခဲ့သည့် ၂၀၁၆၊ အောက်တိုဘာ ၉ ရက်က စတင် ကာ လုံခြုံရေးအခြေအနေအရ ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ ထွက်ခွင့်ပိတ်ထား၍ မောင်တော နယ်စပ်ဒေသတွင် ငါးရှားပါးမှုကြုံ တွေ့နေရကြောင်း သတင်းရရှိ သည်။


ယင်းသို့ ငါးရှားပါးနေ၍ ဒေသခံအများစု အသားဝယ်ယူ စားသုံးမှု မြင့်တက်လာပြီး အသား ဈေးမှာလည်း တဖြည်းဖြည်း မြင့် တက်လာကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ယခင် ကြက်တစ်ကောင် လျှင်  ၁၀,၀၀၀ ကျပ် ဈေးသာရှိသော်လည်း ယခု ၂၀,၀၀၀ ကျပ် ထိ ဈေးရှိနေသည်။ အမဲသား၊ ၀က်သား ဈေးမှာလည်း တစ် ပိဿာလျှင် ၁၀,၀၀၀ ကျပ်ကျော် ဈေးရှိနေသည်။

အကြမ်းဖက်မှုဖြစ်ပွားပြီး နောက် ငါးဖမ်းခွင့် ပိတ်ထားသည် မှာ ယခုအခါ သုံးလကျော်ကြာမြင့် နေပြီဖြစ်သည်။

ငါးဖမ်းခွင့်များ ပိတ်ထား သော်လည်း နတ်မြစ်နှင့် ဘင်္ဂလား ပင်လယ်ပြင်တွင် တရားမ၀င် ခိုး ၀င်ခိုးထွက်မှုများ၊ မှောင်ခိုလုပ် ငန်းများကို သက်ဆိုင်ရာက ဖမ်း ဆီးရမိနေဆဲဖြစ်ကြောင်း နယ်စပ် လုံခြုံရေးအရာရှိတစ်ဦးက ပြော သည်။
ORIGINAL ARTICLE