Lotayamm

search
မာတိကာ

contents

သတင်းများ

ဆိုင်ကယ်အလှပြပွဲနှင့် ကိုယ်စားလှယ်ဖိတ်ခေါ်ပွဲ မန္တလေးတွင် သုံးရက်ကြာပြုလုပ်မည်

နေ့ရက်:
Jan 11, 2017
7daydaily
 ဂျပန်နှင့်တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံတကာမှ နာမည် ကြီးဆိုင်ကယ်အမှတ်တံဆိပ် ကုမ္ပ ဏီများပူးပေါင်း၍ဆိုင်ကယ်အ  လှပြပွဲနှင့် ကိုယ်စားလှယ်ဖိတ်ခေါ် ပွဲ (MOTO EXPO International Motocycle Show in Myanmar) ကို မန္တလေးမြို့တွင်သုံးရက်ကြာ ကျင်းပမည်ဟုသတင်းရရှိသည်။


‘‘နိုင်ငံတကာက ဆိုင်ကယ် ကုမ္ပဏီပိုင်ရှင်တွေ ကိုယ်တိုင် လာရောက်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ကိုယ်စားလှယ်အ ဖြစ် ပြန်လည်ရောင်းချချင်သူတွေ ပဲဖြစ်ဖြစ်၊ ပြပွဲမှာ လာရောက်ပြီး ဆိုင်ကယ်တွေကို လေ့လာပြီး ၀ယ်ယူချင်သူတွေပဲဖြစ်ဖြစ် အ ထူးအစီအစဉ်တွေ၊ ဈေးနှုန်းတွေ နဲ့ရောင်းချပေးမှာဖြစ်တဲ့အတွက် အားလုံးကို ဖိတ်ခေါ်လိုပါတယ်’’ ဟု ဆိုင်ကယ်အလှပြပွဲနှင့် ကိုယ် စားလှယ် ဖိတ်ခေါ်ပွဲကို ဦးဆောင် ကျင်းပသည့် တရုတ်နိုင်ငံ ဆိုင် ကယ်ကုန်သည်ကြီးများအသင်းမှ အတွင်းရေးမှူး  Mr. Hongbo Zhang က ပြောသည်။

ဂျပန်နိုင်ငံရှိ နာမည်ကျော် ဆိုင်ကယ်အမှတ်တံဆိပ်များဖြစ် သည့် Honda , YAMAHA, Kawasaki ၊ အိန္ဒိယရှိ TVS , Bajaj ၊သြစတြေးလျနိုင်ငံရှိ KTM နှင့်တရုတ်နိုင်ငံရှိ နာမည်ကြီး ဆိုင်ကယ် ကုမ္ပဏီများက ပူးပေါင်း၍ ဆိုင်ကယ်အလှပြပွဲနှင့် ကိုယ်စားလှယ်ဖိတ်ခေါ်ပွဲကို မန္တ လေး မြို့တော်ခန်းမတွင် ဇန်န၀ါရီ ၁၃ ရက်မှ ၁၅ ရက်အထိသုံးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါပြပွဲတွင် ကိုယ်စား လှယ်အဖြစ် တွဲဖက်လုပ်ကိုင်လို သည့် လုပ်ငန်းရှင်များအနေဖြင့် နာမည်ကြီးဆိုင်ကယ် ကုမ္ပဏီ များမှ အရာရှိများဖြင့် တိုက်ရိုက် ဆွေးနွေးနိုင်ပြီး လာရောက်ကြည့် ရှုသူများအားလုံးကို ကူပွန်များ ပေးကာ တရုတ်ဆိုင်ကယ်တစ်စီး မဲဖောက်ပေးမည်ဖြစ်၍ ဆိုင်ကယ် စိတ်ဝင်စားသည့်မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်းသိရသည်။
ORIGINAL ARTICLE