Lotayamm

search
မာတိကာ

contents

သတင်းများ

လိင်ကျွန် အမျိုးသမီး ရုပ်တုကြောင့် တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ် နေရပ်ပြန်

နေ့ရက်:
Jan 10, 2017
yangonmedia
ဘူဆန်မြို့ရှိ ဂျပန်ကောင်စစ်ဝန်ရုံး အပြင်ဘက်တွင်ရောက်ရှိနေသော လိင်ကျွန်အမျိုးသမီးရုပ်တုကို ဖယ်ရှားပေးရန် တောင်ကိုရီးယားအစိုးရကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုထားသည်။ ထိုရုပ်တုရောက် ရှိနေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ ဂျပန်သည် ကိုရီးယားကျွန်း ဆွယ်ဒေသကို ဒုတိယကမ္ဘာစစ်အတွင်းက သိမ်းပိုက်ခဲ့သည်။ ၁၉၁ဝ မှ  ၁၉၄၅ ခုနှစ်အထိ ကာလအတွင်း ကိုရီးယားအမျိုးသမီးနှစ်သိန်းနီးပါးကို ဂျပန်စစ်သားများက လိင်ကျွန်အဖြစ်ခိုင်းစေခဲ့သည်ဟု သမိုင်းပညာရှင်များကဆိုသည်။ ထိုကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးသည် ယခုအချိန်ထိ အေးစက်စက်ဖြစ်နေရသည်။
လိင်ကျွန်အမျိုးသမီးကိစ္စနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ၂ဝ၁၅ ခုနှစ်တွင် သဘောတူညီမှုရခဲ့သည်။ ဂျပန်အစိုးရက ထိုကိစ္စနှင့်ပတ်သက်၍ တောင်းပန်စကားဆိုခဲ့ပြီး လျော်ကြေးဂျပန် ယန်းတစ်ဘီ လီယံပေးအပ်ခဲ့သည်။  အပြန်အလှန်အားဖြင့် တောင်ကိုရီးယားဘက်မှလည်း ထိုကိစ္စကို အစမဖော်ရန် သဘောတူခဲ့ကြသည်။ အဆိုပါ ၂ဝ၁၅ ခုနှစ်သဘော တူညီချက်ကို လက်မခံသော တောင်ကိုရီးယားသားပြည် သူအချို့က ဂျပန် ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ရုပ်တုလာရောက်ထားရှိခဲ့ခြင်းဖြစ်သည်။          
Ref: AFP
#democracytoday
ORIGINAL ARTICLE