Lotayamm

search
မာတိကာ

contents

သတင်းများ

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အမည်ဖြင့် ပါတီ မှတ်ပုံတင်မည်

နေ့ရက်:
Jan 10, 2017
yangonmedia
၎င်းက ''ခုဆွေးနွေးတာကတော့ နာမည်ကို ပြန်ယူတဲ့ဟာမျိုးပေါ့နော်၊  ပြီးတော့ တည်ထောင်လိုသူ အကုန်လုံး ၁၈ ဦးရွေးတယ်။ ဒီအစည်းအဝေးမှာ လူဟောင်းတချို့တော့ မတက် နိုင်ဘူး။ ကျန်းမာရေးကြောင့်ရော၊ အကြောင်း အမျိုးမျိုးကြောင့်ရောပေါ့။ ဒါပေမဲ့ ဒီမှာလောလောဆယ် နှစ်ပါတီပေါင်းစဉ်က ပါဝင်ခဲ့တဲ့ ၈ ဦးက တော့ပါပါတယ်''ဟု ပြောသည်။  ယခုတွေ့ဆုံဆွေးနွေးပွဲသို့တက် ရောက်ရန် ယခင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဝင် ဦးအေးသာအောင် အပါအဝင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားခဲ့ခြင်းမရှိသော်လည်း ပါတီကို တရားဝင်မှ တ်ပုံတင်ပြီးသည့်အချိန်၌ ၎င်းတို့၏သဘောထားအား တောင်းခံသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ပြန်လည်တည်ထောင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒကို အသေးစိတ် မဆွေးနွေးရသေးသော်လည်း ယခင်ပါတီ၏ မူဝါဒအတိုင်းသာ ဆက်လက် တည်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီရုံးချုပ်ကိုရခိုင်ပြည်နယ်၊ ကျောက်တော်တွင်လည်းကောင်း၊ ဗဟိုခွဲရုံးများကို ရန်ကုန်နှင့်တောင်ကုတ်မြို့တို့တွင်လည်းကောင်း တည်ထောင်သွားရန် ရည်ရွယ်ထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် မြို့နယ် ပါတီရုံးခွဲများထားရှိသွားမည် ဖြစ် ကြောင်းသိရသည်။        
HWA
#democracytoday
ORIGINAL ARTICLE