Lotayamm

search
မာတိကာ

contents

သတင်းများ

လေးတန်း၊ ရှစ်တန်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းများ မပေါက်ကြားစေရန် ရဲစခန်းများတွင် ထားမည်

နေ့ရက်:
Jan 10, 2017
yangonmedia
''ပထမအဆင့်အနေနဲ့ အရင်နှစ်က မေးခွန်းထည့်တဲ့ အိတ်ကဖောက်လို့ လွယ်တဲ့ပုံစံဖြစ်သွားတော့ ဒီနှစ် မေးခွန်းထည့်တဲ့အိတ်ကို စာအိတ်အထူတွေနဲ့လုပ်မယ်။ ဒုတိယအဆင့်က မေးခွန်းထည့်တဲ့အိတ်ကို ပေးရုံတင် မဟုတ်တော့ပဲ မေးခွန်းအိတ်ထည့်တဲ့ သော့နှစ်လုံးခတ် သေတ္တာအသေးတွေကို စာစစ်ဌာနဖွင့်ထားတဲ့ ကျောင်းတိုင်းကို ပေးထားပြီးပြီ။ နောက်တစ်ဆင့် မေးခွန်းတွေကို အလျဉ်းသင့်သလို မထားတော့ဘဲ ကျောင်းတွေ မှာ မေးခွန်းထည့်တဲ့ ၅ ပေ၊ ၈ပေရှိတဲ့ အခန်းငယ်လေးတွေကို ဆောက်ပေးထားတယ်။ အဲဒီအထဲမှာထည့်ဖို့ လုပ်ထားတယ်။ နောက်တစ်ခုက အဋ္ဌမတန်းနဲ့ ဆယ်တန်းမေးခွန်းတွေကို ရဲကင်းနဲ့ပဲ မဟုတ်တော့ဘဲ ရဲစခန်းတွေရဲ့ သတ်မှတ်နေရာမှာထားဖို့ ဆောင်ရွက်ထားတယ်''ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ဇန်နဝါရီ ၉ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။
မကွေးတိုင်းဒေသကြီးတွင်၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် မှ ၂ဝ ရက် အတွင်းကျင်းပခဲ့သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများ အချိန်မတိုင်မီ ပေါက်ကြားမှုများရှိခဲ့ပြီး ယင်းကိစ္စများနှင့်ပတ်သက် ၍ ကျောင်းအုပ်လေးဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများကို တိုင်းဒေသကြီး၊ခရိုင်မှစစ်ဆေးသောပုံစံကို ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင် ကျင့်သုံးခဲ့ပြီး ယခင်နှစ်ကအထိ အဋ္ဌမတန်းကို တိုင်းဒေသကြီး၊ ပြည်နယ်မှ ထုတ်ဝေသောမေးခွန်း ၁၇ စုံဖြင့်စစ်ဆေးပြီး စတုတ္ထတန်းကို ခရိုင်အလိုက်ပြုစုသောမေးခွန်းများဖြင့် မေးမြန်းခဲ့ကြောင်း သိရသည်။        
               ATK
#democracytoday
ORIGINAL ARTICLE