Lotayamm

search
မာတိကာ

contents

သတင်းများ

ယာဉ်လိုင်းနှစ်ခု ထပ်တိုးကြောင်း ကြေညာ

နေ့ရက်:
Jan 10, 2017
yangonmedia
ဇန်နဝါရီ ၁၆ ရက်တွင်စနစ်သစ်ဖြင့် ပြောင်းလဲပြေးဆွဲမည့် ယာဉ်လိုင်းလမ်းကြောင်းများကို လိုအပ်လျှင် ထပ်မံတိုးမြှင့်ရဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။ ''အခုလမ်းကြောင်းတွေကို ပြန်ကြည့်နေတယ်။ လိုအပ်ရင်ထပ်တိုးဖို့ ရှိပါသေးတယ်''ဟု ၎င်းကပြောသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ယာဉ်လမ်းကြောင်းများ အဆင်ပြေချောမွေ့ရေးအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထပ်တိုးယာဉ်လိုင်းကြောင်း နှစ်ခု၏ လမ်းကြောင်းများအနက် အမှတ် ၅၉ ပြေးဆွဲမည့်လမ်းများမှာ သင်္ဃန်းကျွန်းစံပြဈေး-သံသုမာ- ကြက်ဘဲဈေး-အသောက-တာမွေအဝိုင်း-သမိန်ဗရမ်းလမ်း-ရွှေဂုံတိုင်လမ်း- ရွှေဂုံတိုင်ခုံးကျော်တံတား-ရွှေဂုံတိုင်လမ်း- ဓမ္မစေတီလမ်း-ဗားဂရာလမ်း-အောက်ကြည့်မြင်တိုင်လမ်း-သခင်မြပန်းခြံလမ်း-ကြည့်မြင်တိုင်ကမ်းနားလမ်း- နှင်းဆီကုန်းလမ်း နှင့်လမ်းကြောင်းအမှတ် ၆ဝ မှာ တောင်ဒဂုံ-သာကေတဧရာဝဏ်-ပြည်ထောင်စုလမ်း မကြီး- တောင် မြောက်လမ်းဆုံ-အမှတ် (၂) လမ်း-သင်္ဃန်းကျွန်းစံပြဈေး- သံသုမာလမ်း-ရတနာလမ်း- အောင်ဇေယျလမ်း-ကျောက်ကုန်း စသည့်လမ်းကြောင်း များဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ ယာဉ်လိုင်းလမ်းကြောင်း အပြောင်းအလဲများ ရှိနေသေးသည့်အတွက် လမ်းညွှန် ဆိုင်းဘုတ်များကို မှတ်တိုင်များတွင် မစိုက်ထူနိုင်သေးခြင်းဖြစ်ပြီး စနစ်သစ်မစတင်မီ လမ်းညွှန်ဆိုင်းဘုတ်များ ထားရှိရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။ စနစ်သစ်ဖြင့် ပြောင်းလဲပြေးဆွဲ ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို သိရှိနားလည်ခြင်း မရှိသေးကြောင်း ယာဉ်ပိုင်ရှင်နှင့်ယာဉ် လုပ်သားများ ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်အဆင့်ဆင့်ကို သိရှိနားလည်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသင့်ကြောင်း ယာဉ်ပိုင်ရှင်များကထောက်ပြကြသည်။ ယင်းနှင့်ပတ်သက်ပြီး ဒဂုံတက္ကသိုလ်-ဆူးလေပြေးဆွဲနေသည့် ၂၅၅ ဘီအမ်ယာဉ်လိုင်း ပိုင်ရှင် ဦးအောင်ကျော်ထူးက ''အများလုပ်တာဆိုတော့လည်း လုပ်ရတော့မှာပေါ့။ တိုင်းပြည်တိုးတက်ဖို့ လုပ်နေကြတာပဲလေ။ စိတ်ရှုပ်လို့ အပ်ဖို့ကို စဉ်းစားထားတယ်။ အပ်ပြီးခရီးသည်တင်ကားပဲ သွင်းရမလား။ ဒါမှ မဟုတ် စလစ်ယူပြီးရောင်းပစ်ရင်ကောင်းမလား။ တန်သလောက်လေးတော့ဖြင့် ကားသေးသေးလေးတော့ဖြစ်သွားမလားပေါ့လေ''ဟု ၎င်းကပြောသည်။
ယင်းအပြင် ၁၉၉၅ ခုနှစ် မိုဒယ်အောက်ယာဉ်ပိုင်ရှင်အချို့မှာ စနစ်အပြောင်းအလဲတွင် အလုပ်လက်မဲ့ဖြစ်မည့်အရေး စိတ်ပူပန်နေကြသလို ကုမ္ပဏီများတွင် ရှယ်ယာဝင်လိုကြသူ အချို့ကလည်းပြန်လည်ရရှိ မည့်အကျိုး အမြတ်ကို အတိအကျသိရှိလိုကြကြောင်း အဆိုပါယာဉ် ပိုင်ရှင်များထံမှ သိရသည်။ ပြေးဆွဲမှုရပ်နားခံရမည့် ၁၉၉၅ ခုနှစ်အောက် ဒိုင်နာ၊ ဘီအမ်၊  စီးတီးဘတ်စ်ယာဉ်ပိုင်ရှင်များ နစ်နာမှုမရှိစေရန် ယာဉ်အပ်နှံပါက အိမ် စီးကား စလစ်ထုတ်ပေးခြင်း၊ ကားမအပ်လိုသူများအတွက် လုပ်ငန်းပြောင်းလိုင်စင် ပြောင်းလဲလျှောက်ထားခွင့်ပြု ပေးခြင်းနှင့် ခရီးသည်တင်ယာဉ်များ ပြန်လည်တင်သွင်းခွင့်တို့ကို ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ လက်ရှိတွင်ကညနသို့ ၁၉၉၅ ခုနှစ်မိုဒယ်အောက် ဘီအမ်ယာဉ် အစီးရေ ၄ဝဝ ကျော်အပ်နှံရန် လာရောက်စာရင်းပေးသွင်းထားပြီး ယင်းယာဉ် ၄ဝဝ အနက် ၃၉၉ စီးကို အပ်နှံခွင့်ပြုထားကြောင်း ရန်ကုန် တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူးဦး သိန်းဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။
''၁၉၉၅ ခုနှစ် အောက်ကား တွေအပ်မယ့်ပိုင်ရှင်တွေအနေနဲ့ တောင်ဥက္ကလာကစုပေါင်းရုံးမှာစာ ရင်းပေးသွင်းရမယ်။ အဲဒီရုံးက စာရင်းတွေလာပေးမှစိစစ်ပြီးခွင့်ပြုပေးမှာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။ ၁၉၉၅ ခုနှစ် မိုဒယ်အောက် ယာဉ်ပိုင်ရှင်များအနေဖြင့် ယင်းတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းအမျိုးအစားအလိုက် တောင်ဥက္ကလာပစုပေါင်းရုံးတွင် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ၁၉၉၅ ခုနှစ်နှင့်အထက် ယာဉ်ပိုင်ရှင်များအနေဖြင့် လက်ရှိရေးဆွဲထားသည့်လမ်းကြောင်း ၆ဝ ထဲမှ မိမိပြေးဆွဲလိုသည့် လမ်းကြောင်းတစ်ခုခုကို စာရင်းပေးသွင်းရမည်ဖြစ်ပြီး ယာဉ်လုပ်သားများအနေဖြင့်လည်း မိမိတို့ လိုက်ပါဆောင်ရွက်လိုသော ယာဉ်လိုင်းလမ်းကြောင်းများကို စာရင်းပေးသွင်း မှတ်ပုံတင်ရမည်ဖြစ် ကြောင်း သိရသည်။
TTMT
#democracytoday
ORIGINAL ARTICLE